မြင်းခြံမြို့တွင် ပန်းခင်းစီမံချက် အသိပညာပေး LED Board မော်တော်ယာဉ်ဖြင့် လှည့်လည်၍ ပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေ

မြင်းခြံ ဒီဇင်ဘာ ၂၀

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့တွင် ယနေ့နံနက်(၈:၀၀)နာရီ အချိန်က လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံး၏ အစီအစဉ်ဖြင့် ရောက်ရှိလာသည့် ပန်းခင်းစီမံချက်အသိပညာပေး LED Board မော်တော်ယာဉ်နှင့် မြို့ပေါ်တွင် အသိပညာပေး ခြင်းများ လှည့်လည်ဆောင်ရွက်ခဲ့ကြပြီး လူစည်ကားရာနေရာများတွင် ပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြင်းခြံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးတင့်လှိုင်နှင့်အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြင်းခြံခရိုင်ဦးစီးမှူး ဦးမျိုးမြတ်ဆွေနှင့် ဝန်ထမ်းများ၊ မြင်းခြံမြို့ နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်ဝင်းစိန်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီ ရဲမှူး အောင်သိန်းနှင့်တပ်ဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြင်းခြံမြို့နယ် ဦးစီးမှူး ဦးစောလှမောင်နှင့် ဝန်ထမ်းများပူးပေါင်း၍ မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံး၏ အစီအစဉ်ဖြင့် ရောက်ရှိလာသည့် ပန်းခင်းစီမံချက် အသိပညာပေး LED Board မော်တော်ယာဉ်ဖြင့် မြို့ပေါ်တွင် လှည့်လည်အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး၊ လူစည် ကားရာ နေရာများဖြစ်သည့်  မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ရုံးရှေ့၊ မြို့လယ်ဗိုလ်ချုပ် ကြေးရုပ်ရှေ့၊ ဂရိတ်မီးပွိုင့်လမ်းဆုံ၊ ခရိုင်/မြို့နယ် ထွေအုပ်ရုံးရှေ့တို့ တွင် ပန်းခင်းစီမံချက်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြ ကြောင်း သိရသည်။

ကျော်စွာ(မြင်းခြံ)