ကိုဗစ်-၁၉ ရောဂါ ကင်းစင်သော တက္ကသိုလ်နေ့ရက်များဆီသို့ အသိပညာပေး နံရံကပ် စာစောင်ပြသခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ

လက်ပံတန်း ဒီဇင်ဘာ ၂၀

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံးမှ ကိုဗစ်-၁၉ ရောဂါ ကင်းစင်သော တက္ကသိုလ်နေ့ရက်များ ဆီသို့ အသိပညာပေး နံရံကပ်စာစောင် ပြသခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ ခြင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ နံရံကပ်ပြဘုတ်တွင် တက္ကသိုလ် တက်ရောက်ပညာသင်ယူကြမည့် ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံကြစေရန် ရည်ရွယ်၍ "သင်ကြားမှု၊ သင်ယူမှု မထိခိုက်စေဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးကြပါစို့" ဆောင်ပုဒ်ပါ အသိပညာပေးပိုစတာ နံရံကပ်စာစောင် ပြသဆောင်ရွက်ထားရှိခဲ့သည်။ ထို့နောက် မြို့မဈေးရှေ့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ်ပြန်/ဆက်ဝန်ထမ်း များက တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ သင်ကြားသင်ယူမှု မထိခိုက်စေဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (၂)ကြိမ်တိတိ ထိုးနှံခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါကို ပိုမိုတားဆီး ကာကွယ်နိုင်ကြောင်း အသိပညာပေး လက်ကမ်းစာစောင် ၁၀၀ အား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဝင့်နန္ဒာဌေး