ဟိုပင် ဒီဇင်ဘာ ၂၀
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ Community Cantre ခန်းမ၌ ကျောင်းသားလူငယ်များ စာဖတ်စွမ်းရည် မြှင့်မားပြီး စာအုပ်စာပေများနှင့် ရင်းနှီးမှုရှိစေရန်၊ အသိပညာဗဟုသုတ တိုးပွားစေရန်နှင့် စာဖတ်သည့် အလေ့အကျင့် ကောင်းများ ရရှိစေရန်၊ တီထွင်ကြံဆနိုင်စွမ်း ရှိစေရန် ရည်ရွယ်၍ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ပန်းချီဆေးရောင်ခြယ်ပြိုင်ပွဲကို ယမန်နေ့ နံနက် (၁၀) နာရီက ကျင်းပဆောင်ရွက်ခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် အ.ထ.က(ဟိုပင်)၊ အ.ထ.က(မြသီတာ)၊ အ.ထ.က(စက်ကုန်း)၊ အ.လ.က(ခွဲ) (နန့်ရင်း)၊ အ.မ.က (မူလွန်)(ငါးမိုင်)ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ (၁၁)ဦးတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူ ကျောင်းသား၊ ကျောင်းသူ (၅)ဦးနှင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးမှူး ဒေါ်တိုးတိုးမေနှင့် Book Club အဖွဲ့ဝင်များက ကျောင်းသုံးဗလာစာအုပ်များ၊ ပုံပြင်စာအုပ်များ ချီးမြှင့်ခဲ့ကြောင်း သိရသည်။