သတင်းများ

ညောင်လေးပင်မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ (၈၀၀၀)ဦးကျော်အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးပေးမည်
Oct 13,2021
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ (၈၀၀၀)ဦးကျော်အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးပေးမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးက သိရသည်။
သီပေါမြို့နယ်တွင် (boc) စက်သုံးဆီ အရောင်းဆိုင်မှ ပြည်သူများအား သက်သာသည့် ဈေးနှုန်းဖြင့်  အမှန်တကယ် ရောင်းချပေးခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Oct 13,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ကျောက်မဲခရိုင် သီပေါမြို့နယ်တွင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချရေးအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် ဗဟိုဘဏ်မှ ရည်ညွှန်းငွေ လဲလှယ်နှုန်းဖြင့် တိုက်ရိုက်ရောင်းချပေးပြီး နိုင်ငံခြားငွေဖြင့်မှာယူ တင်သွင်းခဲ့သည့် စက်သုံးဆီများ သက်သာသည့်ဈေးနှုန်းဖြင့် ပြည်သူ များအား အမှန်တကယ် ရောင်းချပေးခြင်း ရှိ/မရှိကို   ယမန်နေ့ နံနက်ပိုင်းက မြို့နယ် စားသုံးသူ ရေးရာဦးစီးဌာနမှ ဦးစီးမှူးနှင့် ဝန်ထမ်းများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ပိုင်ကျုံမြို့၌ တတိယအသုတ်(ပထမ)အကြိမ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံသူ(၂၁၇၀)ဦးရှိ
Oct 13,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ကိုဗစ်၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်နှင့် ရောဂါပိုးကူးစက်ပြန့်ပွားမှုကို လျှော့နည်းစေရန်ရည်ရွယ်၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို အောက်တိုဘာလ(၁၀)ရက်နေ့မှ   စတင်ထိုးနှံ လျက်ရှိရာ အောက်တိုဘာလ(၁၂)ရက်နေ့အထိ လူဦးရေ(၂၁၇၀)ဦး ထိုးနှံပြီးစီးခဲ့ကြောင်း သိရသည်။
ပိုင်ကျုံမြို့၌ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးနှိုးဆော်ချက်များအသိပေးနှိုးဆော်
Oct 13,2021
ကရင်ပြည်နယ်၊    ဘားအံခရိုင်၊  ပိုင်ကျုံမြို့တွင်ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုကို  အမြန် ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးနှင့် ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ အသိပညာပေးခြင်း လုပ်ငန်းများကိုအရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ကျန်းမာရေးဝန်ကြီး ဌာနကထုတ်ပြန်သည့်ပြည်သူသို့ အသိပေးပန်ကြားချက်များကို   ကာကွယ်ဆေးထိုးရန်စုရပ်ဖြစ် သည့်   ပိုင်ကျုံမြို့   အခြေခံပညာအထက်တန်းကျောင်းတွင် ကရင်၊မြန်မာနှစ်ဘာသာဖြင့် အသိပေး နှိုးဆော်မှုများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဟိုပန်မြို့၌ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းအပ်နှံပြီးသည့် ကျောင်းသား/ကျောင်းသူများ အား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေး အသိပညာပေးဆိုင်းဘုတ်များ စိုက်ထူခြင်း နှင့် အသိပေးနှိုးဆော်ရေးလုပ်ငန်းများဆောင်ရွက်
Oct 13,2021
ဟိုပန်မြို့၌ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းအပ်နှံပြီးသည့် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေး ပထမအကြိမ်ထိုးနှံနိုင်ရေးနှင့် ကျောင်းသားမိဘများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန်အတွက် ကျောင်းနေ အရွယ် ကလေးတိုင်း ကျန်းမာပျော်ရွှင် ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးကြပါစို့ အသိပညာပေးဆိုင်းဘုတ်အား ယနေ့နံနက် (၁၀) နာရီအချိန်က ဟိုပန်မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဉက္ကဋ္ဌ ဦးရဲဝင်းထိုက်နှင့်အဖွဲ့ဝင်များ၊ တိုင်း/ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းတို့မှ လွတ်လပ်ရေးကျောက်တိုင်နှင့် မြို့လယ်အဝိုင်းတို့တွင် စိုက်ထူပေး ခဲ့သည်။
မချမ်းဘော့မြို့၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားကွင်း‌ဆင်း ဆောင်ရွက်ပေး
Oct 13,2021
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့တွင် ဉပဒေနှင့်အညီ အိမ်ထောင်စုလူဦး‌ရေစာရင်းနှင့် နိုင် ငံသား စိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မချမ်း ဘော့မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် "ပန်းခင်း"စီမံချက်ဖြင့် အောက်တိုဘာလ(၁၂)ရက်နေ့ နံနက် (၉)နာရီက မချမ်းဘော့မြို့ မြို့မရပ်ကွက်(၃)၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပန်းတနော်မြို့တွင် အသက်(၄၅)နှစ်အထက် ပြည်သူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ဆက်လက်ထိုးနှံပေး
Oct 13,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် အသက်(၄၅)နှစ်အထက် ပြည်သူများအား ကိုဗစ်- ၁၉ရောဂါကာကွယ် ဆေးပထမအကြိမ်ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက ပြည်လုံးချမ်းသာ သာသနာ့ဗိမာန်တွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အနာဂတ်ပန်းများပွင့်လန်းဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးကြစို့ လက်ကမ်းစာစောင်နှင့် MASK များအခမဲ့ဖြန့်ဝေ
Oct 13,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့တွင် အနာဂတ်ပန်းများပွင့်လန်းဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးကြစို့ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် MASK အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက် (၉) နာရီအချိန်ခန့်က ကျိုင်းတောင်းမြို့အတွင်းရှိ လူစည်ကား ရာနေရာများ၊ လမ်းစုံလမ်းခွများနှင့် လူသွားလူလာများသည့် ကားလမ်းမများသို့ ဆောင်ရွက် ခဲ့သည်။