ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝတမံတွင် ရေပိုလွှဲမှ (၁ ဒသမ ၅)ပေသာ ရေကျော်ကျမှုရှိ
Oct 13,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် စက်တင်ဘာလအတွင်း မိုးအဆက်မပြတ် ရွာသွန်းခဲ့မှုကြောင့် ကြီးအုံကြီးဝတမံတွင် မိုးရေဝင်ရောက်မှုများခဲ့သဖြင့် တမံရေပိုလွှဲမှ (၈)ပေကျော်အထိ ရေကျော်ကျမှုရှိခဲ့ရာမှ ယနေ့နံနက် ၆ နာရီအချိန် တိုင်းထွာရာတွင် တမံရေပိုလွှဲမှ (၁ ဒသမ ၅) ပေခန့်သာ ရေကျော်ကျမှုရှိတော့ကြောင်း အဆိုပါ ကြီးအုံကြီးဝတမံမှ တာဝန်ခံ (AE) ဦးစိုးတင့် ထံက သိရသည်။