တံတားမြို့ ကျက်သရေဆောင် သမိုင်းဝင် သုံးလောကထွဋ်ခေါင်မာရ်အောင် ရတနာဘုရားကြီး အတွင်းတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

တံတား ဒီဇင်ဘာ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့ရှိ ကျက်သရေဆောင် သမိုင်းဝင် သုံးလောကထွဋ်ခေါင် မာရ်အောင်ရတနာဘုရားကြီးအတွင်းတွင် ယမန်နေ့ နံနက်ပိုင်းက ဌာနဆိုင်ရာ များ၊ လူမှုရေးအသင်းအဖွဲ့များ စုပေါင်းကာ  ဘုရားကြီးဝန်းအတွင်းတွင်  စုပေါင်းသန့်ရှင်းရေး  ပြုလုပ် ဆောင်ရွက်ခဲ့သည်။

အဆိုပါ သန့်ရှင်းရေးဆောင်ရွက်ခြင်းကို တံတားမြို့  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အုပ်ချုပ် ရေးမှူး ဦးကျော်မင်းထွန်းက ဦးဆောင်ကာ ဘုရားရင်ပြင်တော်ရှိ ဖုန်မှုန့်၊ သဲမှုန့်၊ ငှက်ချေးများ ရှင်းလင်းခြင်း၊ ဘုရားပရဝဏ်အတွင်းရှိ   သစ်ပင်၊  ပေါင်းမြက်များ   ရှင်းလင်းမီးရှို့ခြင်းများကို   ဌာန ဆိုင်ရာများ   စုပေါင်း၍ တစ်တက်တစ်အား ဝိုင်းဝန်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုးဖြူလွင်(ပြန်/ဆက်)