အင်္ဂပူမြို့တွင် ပြည်သူများအား ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်(Omicron) ရောဂါပိုး ကြိုတင်ကာကွယ်နိုင်စေရေးအတွက် အသိပညာပေး နှိုးဆော်

အင်္ဂပူ  ဒီဇင်ဘာ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၏ စီစဉ်မှုဖြင့် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် မြို့နယ်မီးသတ် ဦးစီးဌာနတို့ ပူးပေါင်းပြီး ယနေ့နံနက် ()နာရီက အင်္ဂပူမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာနေ   ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်(Omicron) ရောဂါပိုး ကာကွယ်ရေးအသိပညာပေးခြင်းကို အရှိန်အဟုန်မြှင့်  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အင်္ဂပူမြို့နေပြည်သူများအားလုံး ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ မိမိနေအိမ်တွင်သာ နေထိုင်ကြရန်၊ အပြင်သို့သွားတိုင်း နှာခေါင်းစည်း(Mask) တပ်ဆင်သွားလာကြရန်၊ အရေးကြီး ကိစ္စမရှိလျှင် တခြားသူများထံသို့ သွားရောက်လည်ပတ်ခြင်းမပြုကြရန်၊  အရာဝတ္တုများကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် စနစ်တကျဆေးကြောရန်၊ မျက်စိ၊ နှာခေါင်းနှင့်ပါးစပ်များကိုလက်ဖြင့်ထိတွေ့ခြင်းမှ ရှောင်ကြဉ်ရန်၊ သန့်ရှင်း လတ်ဆတ်သော အစားအစာများကို ရွေးချယ်စားသောက်ရန်၊  အစားအစာများကို ကျက်အောင် ချက်ပြုတ်စားသောက် ကြရန်၊ မိမိတို့၌ ရောဂါပိုးရှိသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်ပြီး ဆေးကုသမှုခံယူကြရန်၊ ကိုဗစ်-၁၉ ရောဂါကွင်းဆက်ပြတ်တောက်နိုင်ရန် မိဘပြည်သူများကလည်း ပူးပေါင်းပါဝင်ပေးကြပါရန်နှင့် ကမ္ဘာ့ကပ် ရောဂါကာကွယ်ရေးအား အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် လိုက်နာဆောင်ရွက်ကြရန် နှိုးဆော်ခဲ့ကြောင်း သိရ သည်။

မြို့နယ် (ပြန်/ဆက်)