လှိုင်းဘွဲ ဒီဇင်ဘာ ၂၀
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြည်သူ များအား အသိပညာဗဟုသုတ ရရှိစေရန်အတွက် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက် လျက်ရာ ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း စာကြည့်တိုက်သို့ မလာရောက်နိုင်သော ပြည်သူများ အနေဖြင့် အသိပညာ ဗဟုသုတများရရှိစေရန်အတွက် အသိပညာပေးလုပ်ငန်းများကို Online မှတစ်ဆင့် ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း စာကြည့်တိုက်သို့ မလာရောက်နိုင်သော ပြည်သူများအတွက် အသိပညာပေး လုပ်ငန်းများကို Online မှ တစ်ဆင့် စာဖတ်ပရိသတ်များအတွက် စာအုပ်မိတ်ဆက်ခြင်း/ ကျန်းမာရေး ဆိုင်ရာ အသိပညာပေးခြင်း/ နေ့ထူး နေ့မြတ်အကြောင်းများ အသိပညာပေးခြင်း၊ ကျောင်းသား/သူများ၊ ကလေးငယ်များအတွက် ဉာဏ်ရည်ဉာဏ်သွေး များ ထက်မြက်လာစေရန်၊ အသိပညာဗဟုသုတများ ရရှိစေရန်အတွက် ရုပ်ပြပုံပြင်ပြောပြခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ ဆေးရောင်ခြယ်ခြင်း၊ ပန်းချီဆွဲခြင်း၊ စကားပုံတင်ဆက်ခြင်းနှင့် သိမှတ်ဖွယ်ရာ အစီအစဉ်များကို နေ့စဉ်ဆောင်ရွက် ပေးလျက်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် ပူးပေါင်း၍ အသိပညာပေး Talk Show ဆွေးနွေးပွဲများကိုလည်း ဆောင်ရွက်ပေး လျက်ရှိ ကြောင်း သိရှိရသည်။
စောဒိ (ပြန် / ဆက်)