ဆွမ်ပရာဘွမ်မြို့၌ ခရစ္စမတ်လက်ဆောင်အဖြစ် ဝထ္တုငွေနှင့် Mask၊ လက်သန့်ဆေးရည်များ ပေးအပ်လှူဒါန်း

ဆွမ်ပရာဘွမ်  ဒီဇင်ဘာ ၂၀

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့ပေါ်၌ ခရစ္စမတ်လက်ဆောင်အဖြစ် ဝထ္တုငွေနှင့် Mask၊ လက်သန့်ဆေးရည်များ လှူဒါန်းခြင်းကို ယနေ့နံနက်၉နာရီခွဲအချိန်ကအသင်းတော်အသီးသီးများထံတွင်ပေးအပ်လှူဒါန်းခြင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့် ဇနီး အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်အေးအေးကျော့တို့က ကက်သလစ်အသင်းတော်အတွက်ငွေသား၁၀၀၀၀၀ကျပ်နှင့် အခြားပစ္စည်းများ၊ နှစ်ခြင်းအသင်းတော်အတွက် ငွေသား၁၀၀၀၀၀ကျပ်နှင့် အခြားပစ္စည်းများ၊ AG.1ဧဝံဂေလိ (သုံးပါးတစ်ဆူ)အတွက်ငွေသား၅၀၀၀၀ကျပ်နှင့် အခြားပစ္စည်းများ၊ AG.2ဧဝံဂေလိ(ဧမာနွေလ) အသင်းတော်အတွက် ငွေသား၅၀၀၀၀ကျပ်နှင့် အခြားပစ္စည်းများ၊(COC)ခရစ်တော်၏ အသင်းတော်အတွက် ငွေသား၅၀၀၀၀ကျပ်နှင့် အခြားပစ္စည်းများကို လှူဒါန်းပေးအပ်ခဲ့ရာ အသင်းတော်တိုင်းမှ တာဝန်ရှိသူများကလက်ခံရယူပြီး AG.2ဧဝံဂေလိ (ဧမာနွေလ)အသင်းတော်မှ သင်းအုပ်ဆရာ ဦးဒိန်ခန်ထော်တူးက ကားလမ်းမှဘုရားကျောင်းဝင်းအထိ ကားလမ်းဖောက်လုပ်ပြုပြင်ပေးရန်၊ (COC)ခရစ်တော်၏ အသင်းတော်မှ သင်းအုပ်ဆရာ ဦးဟွားလီဆာက ဘုရားကျောင်းဝင်းအတွင်းရှိ စည်ပင်ရေကန်အား ပြန်လည်ပြုပြင်ပေးရန် တင်ပြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်ကလိုအပ်သည်များအချင်းချင်းတိုင်ပင်ဆွေးနွေးကာအဆင်ပြေချောမွေ့စေရန်စီစဥ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
     
ဟင်နရီမီးကိုဆာ(ဆွမ်ပရာဘွမ်)