နတ်မောက် ဒီဇင်ဘာ ၂၀
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ ယမန်နေ့ ည ၁၁ နာရီအချိန်ခန့်က မြို့မရပ်ကွက်၊ မြတ်သီရိလမ်းတွင် ရေခဲသေတ္တာအပူလွန်ကဲရာမှ လူနေအိမ်တစ်လုံး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်းသိရ သည်။
အဆိုပါ မီးလောင်မှုဖြစ်ပွားရာသို့ မြို့နယ်မီးသတ်စခန်းမှ တာ၀န်ရှိသူများနှင့်အတူ သန္ဓေတပ်ဖွဲ့ဝင်များ၊ မီးငြှိမ်းသတ်ယာဉ်(၂)စီး ၊ မီးသတ်ရေသယ်ယာဉ်(၁)စီး ၊ စိတ်ဓာတ်ဖြူစင် ကရုဏာရှင်လူမှုကူညီရေး အသင်းမှ ရေသယ်ယာဉ်(၂)စီးနှင့် ရပ်ကွက်နေပြည်သူများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြောင်း၊ မီးလောင်မှု ကြောင့် သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း လူနေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း၊ လူနှင့်တိရိစ္ဆာန်များ ထိခိုက်ပျက်ဆီးမှု မရှိကြောင်းသိရသည်။
လှဝင်း (မြို့နယ် ပြန်/ဆက်)