မင်းဘူးခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန Community Centre တွင် ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း အားကစား လှုပ်ရှားမှုများ ဆောင်ရွက်

မင်းဘူး ဒီဇင်ဘာ ၂၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန (Community Centre ) တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အားကစားနှင့် ကာယပညာ ဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကိုယ်ကာယ လေ့ကျင့်ခန်း Physical Fitness Dance သရုပ်ပြ ကပြခြင်းများ ဆောင်ရွက်ခဲ့သည်။

အဆိုပါ အခြေခံပညာ အလယ်တန်းနှင့် အထက်တန်း ကျောင်းသူကလေးများ ကပြသည့် ကိုယ်ကာယ ကြံ့ခိုင်မှုလေ့ကျင့်ခန်း အားကစားလှုပ်ရှားမှုသည် လူ၏ခန္ဓာကိုယ် တစ်ခုလုံးရှိ အစိတ်အပိုင်းများ၊ အကြောအဆစ်များ ပျော့ပျောင်းစေသည့်အပြင် သွေးလည်ပတ်မှုနှင့် အသက်ရှူခြင်းများကို ကောင်းစေပြီး ကျန်းမာရေးကို အထောက်အကူ ဖြစ်စေသည့် အားကစား နည်းတစ်မျိုး ဖြစ်သောကြောင့် မည်သူမဆို လိုက်ပါကစားသင့်သော အားကစား လှုပ်ရှားမှု တစ်ခုဖြစ်သည်။

မင်းဘူးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် ပြည်သူများအား အသိပညာ ဗဟုသုတ ဖြစ်စေသည့် စာပေဟောပြောပွဲများ၊ အသိပညာပေး ဆွေးနွေးခြင်းများ၊ စာဖတ်အညွှန်း၊ စာအုပ်မိတ်ဆက်ခြင်းများနှင့် ကလေးများအတွက် ကဗျာရွတ်၊ ပုံပြော၊ အရုပ်ဆက်ခြင်း၊ အရုပ်ပြုလုပ်ခြင်းများကို Online မှ အမြဲတင်ဆက် ပေးလျက် ရှိကြောင်း သိရသည်။

ဇေယျာထက်(မင်းဘူး)