သတင်းများ

ရွှေဘိုမြို့နယ်တွင် မိုးစပါး တစ်ဧကအထွက်နှုန်းတိုးတက်ရေးစံပြကွက်ဆောင်ရွက်ထားသည့် စံကွက် ရိတ်သိမ်း
Dec 20,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ချီပါကျေးရွာတွင် မိုးစပါး တစ်ဧက ထွက်နှုန်း တိုးတက်ရေးနှင့် မျိုးစေ့ထုတ် စိုက်ခင်း ဆောင်ရွက်ထားသည့် စိုက်ဧကများကို စံကွက် ရိတ်သိမ်းခြင်း လုပ်ငန်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း ရွှေဘိုမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မှသိရသည်။
ကျိုက်မရောမြို့နယ်တွင် ဘူးသီးများ စျေးကောင်းရရှိ၍ စိုက်ပျိုးသူများ အဆင်ပြေလျက်ရှိ
Dec 20,2021
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ကလိုင်းကနိုင် ကျေးရွာတွင် စီးပွားဖြစ် ဘူးသီးများ စိုက်ပျိုးကြရာ စျေးကောင်းရသဖြင့် မိသားစုအပိုဝင်ငွေများရရှိကာ စီးပွားရေး အဆင်ပြေ လျက်ရှိကြောင်း သိရသည်။
ဘုတ်ပြင်းမြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်ပ
Dec 20,2021
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့၌ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ(၄) ရက်နေ့ တွင် ကျရောက်မည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် (၁၁) နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး သပြေခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
တပ်ကုန်းမြို့နယ်၌ ကျေးလက်လူငယ်များ အလုပ်အကိုင်ရရှိရေး အခြေခံစာရင်းရေး၊ စာရင်းကိုင် သင်တန်းဖွင့်လှစ်
Dec 20,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ရှားတောကျေးရွာအုပ်စု၊ ဂွေးပင်စံပြ ကျေးရွာတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာနက ဦးဆောင်ဖွင့်လှစ်သည့် အခြေခံစာရင်းရေး၊ စာရင်းကိုင်သင်တန်းကို ယနေနံနက် ၉ နာရီက ကျန်းမာရေး ညွှန်ချက်များနှင့်အညီ အဆိုပါ ကျေးရွာရှိ ဘုန်းတော်ကြီး(တ)ကျောင်းတွင် ကျင်းပသည်။
မတ္တရာမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများဆက်လက်ထိုးနှံပေး
Dec 20,2021
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် ၁၈နှစ်ပြည့်ပြီး ပြည်သူများအား ကိုဗစ်၁၉ရောဂါ ကာကွယ်ဆေးများကို ယနေ့နံနက်က မြို့နယ်အားကစားရုံတွင် ဆက်လက် ထိုးနှံပေးခဲ့သည်။
မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ၊ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်(omicron) ရောဂါပိုး သတိပြု ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်
Dec 20,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ၊ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်(omicron)ရောဂါပိုး သတိပြု ကြိုတင်ကာကွယ်နိုင် စေရေးကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ ညနေပိုင်းအချိန်က ရပ်ကွက်များ အတွင်း ဆောင်ရွက်ခဲ့သည်။
တောင်ကုတ်မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ၌ စာဖတ်ဝိုင်းကျင်းပ
Dec 20,2021
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ တောင်ကုတ်မြို့နယ်ရုံး၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခြေခံပညာ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့် စာပေမြတ်နိုးသူလူငယ်များနှင့် ပူးပေါင်း၍ လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံ အကြောင်းအရာများ အသိပညာပေးခြင်းနှင့် "ဆယ်ကျော်သက်အရွယ် လူငယ်များအတွက် စာဖတ်ခြင်း" စာအုပ်မှ စာရေးဆရာ မြင့်စိုးလှိုင်ရေးသားသည့် စာအုပ်စာပေထဲက အကျင့်နှင့်စာရိတ္တ ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ မွန်းလွဲ(၁)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ စာဖတ်ဝိုင်းကျင်းပခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ် ဖော်ဆောင်မှု မှတ်တမ်း ဓာတ်ပုံများအား ပြသဆောင်ရွက်
Dec 20,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတွင် ယနေ့ နံနက်ပိုင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ် မှတ်တမ်း ဓာတ်ပုံများကို ပြသထားကြောင်း သိရသည်။