ဘုတ်ပြင်း ဒီဇင်ဘာ ၂၀
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့၌ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ(၄) ရက်နေ့ တွင် ကျရောက်မည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၁) နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး သပြေခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းက (၇၄) နှစ် မြောက် လွတ်လပ်ရေး နေ့ အလံတင်အခမ်းအနား၊ သဝဏ်ဖတ်ကြားပွဲ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အခမ်းအနား ကျင်းပရေး ကော်မတီများ၊ ဆပ်ကော်မတီများအနေဖြင့် မိမိတို့၏ ကော်မတီအလိုက် လုပ်ငန်းဆောင်ရွက်ရမည့် အစီအမံများ၊ ပျော်ပွဲရွှင်ပွဲ အားကစားပြိုင်များ ဆောင်ရွက်မည့် အစီအမံများကို တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက အောင်မြင် စွာ ကျင်းပနိုင်ရေး ပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ကဏ္ဍအလိုက် ဖြည့်ဆည်း ပေးရမည့် လိုအပ်ချက်များကို သက်ဆိုင်ရာကော်မတီများက အသီးသီးဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်