မတ္တရာမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများဆက်လက်ထိုးနှံပေး

မတ္တရာ   ဒီဇင်ဘာ ၂၀

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် ၁၈နှစ်ပြည့်ပြီး ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ယနေ့နံနက်က မြို့နယ်အားကစားရုံတွင် ဆက်လက် ထိုးနှံပေးခဲ့သည်။

ထို့သို့ကာကွယ်ဆေးများထိုးနှံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးစီး၍ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများနှင့် ကြက်ခြေနီ တပ်ဖွဲ့ ဝင်မှ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြသည်။

နိုဝင်ဘာလ ၁၆ရက်နေ့အထိ ( ၆၅၈၇၇ )ဦးအား ပထမအကြိမ်နှင့် ( ၄၈၂၆၈ )ဦးအား ဒုတိယအကြိမ်အဖြစ် ကာကွယ်ဆေးများထိုးနှံပေးနိုင်ခဲ့ပြီး ဆေးထိုးရန် ကျန်ရှိနေသူများကိုလည်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။

စိုးကျော်သူထွေး(မတ္တရာ)