တောင်ကုတ် ဒီဇင်ဘာ ၂၀
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ တောင်ကုတ်မြို့နယ်ရုံး၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခြေခံပညာ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့် စာပေမြတ်နိုးသူလူငယ်များနှင့် ပူးပေါင်း၍ လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံ အကြောင်းအရာများ အသိပညာပေးခြင်းနှင့် "ဆယ်ကျော်သက်အရွယ် လူငယ်များအတွက် စာဖတ်ခြင်း" စာအုပ်မှ စာရေးဆရာ မြင့်စိုးလှိုင်ရေးသားသည့် စာအုပ်စာပေထဲက အကျင့်နှင့်စာရိတ္တ ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ မွန်းလွဲ(၁)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ စာဖတ်ဝိုင်းကျင်းပခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းတွင် တောင်ကုတ်မြို့ ပြန်ကြားနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဒုတိယ ဦးစီးမှူး ဦးစန်းဝင်း က လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံ အကြောင်းအရာများအား ရှင်းလင်း ပြောကြားကာ စာပေမြတ် နိုးသူလူငယ်များက သိရှိလိုသည်များအား မေးမြန်း၍ ပြန်လည် ရှင်းလင်း ဖြေကြားခဲ့သည်။
ဆက်လက်ပြီး "ဆယ်ကျော်သက်ရွယ် လူငယ်များအတွက် စာဖတ်ခြင်း" စာအုပ်ကို ဖတ်ကြားရှင်းလင်းပြီး စာဖတ်ဝိုင်း ပြုလုပ်ခဲ့ရာ စာပေမြတ်နိုးသူလူငယ်များက မှတ်မိသမျှ ပြန်လည် ဆွေးနွေးကာ ဒုတိယဦးစီးမှူး ဦးစန်းဝင်းက စာအုပ်ပါ အကြောင်းအရာများအား ပြန်လည် ရှင်းလင်းပြောပြခဲ့ကြောင်း သိရသည်။
စန်းဝင်း(မြို့နယ်ပြန်ဆက်)