သတင်းများ

နွားထိုးကြီးမြို့တွင် ပန်းခင်းစီမံချက် အသိပညာပေး Led board မော်တော်ယာဉ်ဖြင့်လှည်လည်၍ ပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ
Dec 20,2021
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့တွင် ယနေ့နံနက် ၁၁ နာရီက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံး၏ အစီအစဉ်ဖြင့် ရောက်ရှိလာသည့် ပန်းခင်းစီမံ ချက်အသိပညာပေး Led board မော်တော်ယာဉ်ဖြင့် မြို့ပေါ်တွင် အသိပညာပေးခြင်းများ လှည့်လည်ဆောင်ခဲ့ပြီး လူစည်ကားရာနေရာများတွင် ပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေး ခဲ့ကြောင်းသိရသည်။
မိုင်းဆတ်မြို့၌ မသန်စွမ်းသူများ ပြုစုစောင့်ရှောက်ရေး အသိပညာပေး (Talk show) ဆွေးနွေးပွဲကျင်းပ
Dec 20,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ မသန်စွမ်းသူများ ပြုစုစောင့်ရှောက်ရေး အသိပညာပေး (Talk show) ဆွေးနွေးပွဲကို ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဘက်စုံသုံးခန်းမတွင် ယနေ့ နံနက် (၉) နာရီခွဲက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လောင်းလုံးမြို့နယ်၊ ကျောက်မတ္တပ်ကျေးရွာအုပ်စုတွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား များ ကွင်းဆင်းဆောင်ရွက်
Dec 20,2021
တနင်္သတိုင်းဒေသကြီး၊ ထား၀ယ်ခရိုင်၊ လောင်းလုံးမြို့နယ်လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာ၀န်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးဉာဏ်ဝင်းနှင့် ၀န်ထမ်းများက ယမန်နေ့နံနက် (၁၀) နာရီအချိန်က ပန်းခင်း စီမံချက်ဖြင့် ကျောက်မတ္တပ်ကျေးရွာ မူလတန်းလွန် ကျောင်း၌ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု စာရင်းများကို ကွင်းဆင်း၍ ပြုလုပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတက္ကသိုလ်တွင် မြန်မာ့သမိုင်းကြောင်းတစ်လျှောက် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြတ်ရေး လှုပ်ရှားမှုများ ခေါင်းစဉ်ဖြင့် အလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်ရန် လုပ်ငန်းညှိနှိုင်းဆွေးနွေး
Dec 20,2021
စစ်ကိုင်းတက္ကသိုလ်တွင် ''မြန်မာ့သမိုင်းကြောင်းတစ်လျှောက် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြတ်ရေး လှုပ်ရှားမှုများ"ခေါင်းစဉ်ဖြင့် အလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်ရန် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ဒီဇင်ဘာ ၂၀ ရက်၊ နံနက်ပိုင်းက အဆိုပါကျောင်း သိပ္ပံဆောင်- ၁ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရွှေဘိုခရိုင်အတွင်း သဖန်းဆိပ်ဆည်ရေဖြင့် ၂၀၂၁-၂၀၂၂ ခုနှစ်၌ နွေစပါးဧက (၂)သိန်းကျော်နှင့် အခြားသီးနှံ ဧက(၇)သောင်းကျော် စိုက်ပျိုးသွားမည်
Dec 20,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်အတွင်း သဖန်းဆိပ်ဆည်ရေဖြင့် ၂၀၂၁-၂၀၂၂ ခုနှစ်၌ နွေစပါးဧက(၂)သိန်းကျော်နှင့် အခြားသီးနှံ ဧက(၇)သောင်းကျော် စိုက်ပျိုးသွားမည် ဖြစ်ကြောင်း ရွှေဘိုခရိုင်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
မိုင်းခုတ်မြို့၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကျင်းပ
Dec 20,2021
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပရာ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
လုံးခင်းကျေးရွာရှိ ဥရုချောင်းကူး သံဘောင်ဘေလီတံတားကျိုးကျမှုဖြစ်ပွား
Dec 20,2021
ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာရှိ ဥရုချောင်းကူး သံဘောင်ဘေလီတံတားသည် ဒီဇင်ဘာ (၁၈)ရက် ည(၇)နာရီခွဲခန့်က ကျိုးကျမှုဖြစ်ပွားခဲ့ ကြောင်းသိရသည်။
ကျောက်မဲမြို့နယ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်နှင့် ဦးတည်ချက် ၉ ရပ် ဆောင်ရွက်ချက် မှတ်တမ်းဓါတ်ပုံများအား အများပြည်သူအသိပညာပေး ပြသဆောင်ရွက်
Dec 20,2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည်ချက် (၉) ရပ် ဆောင်ရွက်ချက် မှတ်တမ်းဓါတ်ပုံများကို အများပြည်သူ ကြည့်ရှုနိုင်ရန် အတွက် ယမန်နေ့နေ့လယ်ပိုင်းက ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန၊ နံရံကပ်စာစောင် များ၌ ပြသခဲ့ကြောင်း သိရသည်။