ရွှေဘို ဒီဇင်ဘာ ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ချီပါကျေးရွာတွင် မိုးစပါး တစ်ဧက ထွက်နှုန်း တိုးတက်ရေးနှင့် မျိုးစေ့ထုတ် စိုက်ခင်း ဆောင်ရွက်ထားသည့် စိုက်ဧကများကို စံကွက် ရိတ်သိမ်းခြင်း လုပ်ငန်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း ရွှေဘိုမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မှသိရသည်။
ထိုစံကွက် ရိတ်သိမ်းခြင်းကို ချီပါကျေးရွာရှိ တောင်သူ ဦးကျော်ဇင်ညွှန့် ၏ ရွှေဘိုပေါ်ဆန်း စိုက်ဧကတွင် တစ်ထောင်ပုံ တစ်ပုံ ဖြစ်သည့် ( ၆ ) ပေ ပတ်လည် စံကွက် အရ အထွက်တင်း ( အစို ) နို့ဆီဘူး ပျမ်းမျှ ( ၁၂.၂၅) ဘူး ထွက်ရှိပြီး တစ်ဧက ( ၉၅.၇၀ ) တင်း ထွက်ရှိပြီး၊ တောင်သူ ဦးငွေဒိုး ၏ ရွှေဘိုပေါ်ဆန်း စိုက်ဧကတွင် တစ်ထောင်ပုံ တစ်ပုံ ဖြစ်သည့် ( ၆ ) ပေ ပတ်လည် စံကွက် အရ အထွက်တင်း ( အစို ) နို့ဆီဘူး ပျမ်းမျှ ( ၁၄.၃၅) ဘူး ထွက်ရှိပြီး တစ်ဧက ( ၁၁၂.၁၀ ) တင်း ထွက်ရှိကြောင်းနှင့် တောင်သူ ဒေါ်မဲပု ၏ ၏ ရွှေဘိုပေါ်ဆန်း စိုက်ဧကတွင် တစ်ထောင်ပုံ တစ်ပုံ ဖြစ်သည့် ( ၆ ) ပေ ပတ်လည် စံကွက် အရ အထွက်တင်း ( အစို ) နို့ဆီဘူး ပျမ်းမျှ ( ၁၃.၇၅) ဘူး ထွက်ရှိပြီး တစ်ဧက (၁၀၃.၄၂) တင်း ထွက်ရှိ ကြောင်းသိရသည်။
အဆိုပါ စံကွက် ရိတ်သိမ်းပွဲ သို့ စိုက်ပျိုးရေး မြို့နယ်ဦးစီးမှူး ဒေါ်ဇာဇာမင်းနှင့် ဝန်ထမ်းများ ၊ လယ်ယာ မြေစီမံခန့်ခွဲရေး ဦးစီးဌာနမှ တာဝန်ရှိသူများ ၊ တောင်သူများ ပူးပေါင်းကာ စံကွက်ရိတ်သိမ်းခြင်း လုပ်ငန်း ကို ပူးပေါင်းဆောင်ရွက်ခဲ့သည်။
ထွန်းမြင့်အောင်