သတင်းများ

နေပြည်တော်ကောင်စီ ငွေလုံး‌ငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ကျပ်သန်း (၁၀၀) အထက် လုပ်ငန်းများအတွက် နည်းပညာအဆိုပြုလွှာ ဖွင့်ဖောက်စစ်ဆေး
Dec 21,2021
၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်(၆)လအတွင်း နေပြည်တော်ကောင်စီ ငွေလုံး‌ငွေရင်းခွင့်ပြု ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ကျပ်သန်း (၁၀၀) အထက် လုပ်ငန်းများအတွက် နည်းပညာ အဆိုပြုလွှာ ဖွင့်ဖောက်စစ်ဆေးသည့် အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက နေပြည်တော်၊ ဇေယျာသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပခဲ့သည်။
နမ္မတူတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက် (၉)ရပ် ဆောင်ရွက်ချက်မှတ်တမ်းဓါတ်ပုံများအား အများပြည်သူအသိပညာပေး ပြသဆောင်ရွက်
Dec 21,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက် (၉) ရပ် ဆောင်ရွက်ချက်မှတ်တမ်း ဓါတ်ပုံများအား အများပြည်သူ အသိပညာပေး မြေစိုက်နံရံကပ်စာစောင် ပြသဆောင်ရွက်ခြင်းကို ဒီဇင်ဘာလ (၁၉)ရက်နေ့ နေ့လယ်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန နမ္မတူမြို့နယ်ရုံးရှိ ဝန်ထမ်းများက ဆောင်ရွက်ခဲ့သည်။
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမြတ်ကို ဖောင်းတောချောင်းတွင်ရေအားနှင့် လေအားလျှပ်စစ်ထုတ်လုပ်ရေး စီမံကိန်းဖြစ်မြောက်နိုင်စွမ်းရှိ/ မရှိလေ့လာခြင်းအစီရင်ခံစာရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားသို့တက်ရောက်
Dec 21,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့၊ ထားဝယ်မှ အရှေ့ဘက် ၂၁ မိုင်ခန့်အကွာ၊ ဖောင်းတောချောင်းတွင် ရေအားနှင့် လေအားလျှပ်စစ်ထုတ်လုပ်ရေးစီမံကိန်းဖြစ်မြောက် နိုင်စွမ်းရှိ/မရှိ လေ့လာခြင်း အစီရင်ခံစာတင်ပြရန်အတွက် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် နားလည်မှု မှတ်တမ်းလက်မှတ်ရေးထိုးထားသည့် ပန်းသိင်္ဂီစွမ်းအင် ကုမ္ပဏီလီမိတက်မှ Fs Report (Technical) အား တနင်္သာတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လျှပ်စစ်ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းများစိစစ်ရေး ကော်မတီသို့လာရောက်ရှင်းလင်းတင်ပြသည့် အခမ်းအနားကိုယနေ့ နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
ကချင်ပြည်နယ်အစိုးရအဖွဲ့ မိသားစုများ၏ ခရစ္စမတ်ပွဲတော်နှင့် ဝတ်ပြုဆုတောင်းပွဲကျင်းပ
Dec 20,2021
ကချင်ပြည်နယ်အစိုးရအဖွဲ့ မိသားစုများ၏ ခရစ္စမတ်ပွဲတော်နှင့် ဝတ်ပြုဆုတောင်းပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့ မျက်ခင်းပြင်၌ ကျင်းပပြု လုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ကြသည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တာဝန်ရှိသူများက ဝန်ထမ်းများအား တွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာများ လမ်းညွှန်မှာကြား
Dec 20,2021
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဦးမြင့်လွင်မှ ညောင်ဦးခရိုင်နှင့် ကျောက်ပန်းတောင်းမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများအား တွေ့ဆုံလမ်းညွှန်ပွဲကို ယနေ့ နံနက် (၁၁) နာရီခွဲချိန်က ကျောက်ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ စကားဝါမြေခန်းမတွင် ပြုလုပ်ခဲ့ ကြောင်း သိရ သည်။
မြောင်းမြခရိုင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်ဆောင်ရွက်ချက်မှတ်တမ်းဓါတ်ပုံများ ပြသထားရှိ
Dec 20,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများအား အသိ ပညာဗဟုသုတရရှိစေရန် ပြည်သူ့အကျိုးပြု အသိပညာပေးစာစောင်များနှင့် ဓာတ်ပုံများကို နံရံကပ်ပြဘုတ်တွင် လစဉ်ပြသဆောင်ရွက်လျက်ရှိရာ ခရိုင်ရုံး Community Centre ခန်းမ၌ ယမန်နေ့ နံနက်တွင် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည်ချက်(၉)ရပ် မှတ်တမ်းဓာတ်ပုံများအား ပြသဆောင်ရွက်ထား ရှိကြောင်း သိရသည်။
မြောင်းမြခရိုင် Community Centre တွင် English Basic Class (4 Skills) သင်တန်း ဖွင့်လှစ်
Dec 20,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သော English Basic Class(4 Skills) သင်တန်းကို ယနေ့ နေ့လယ် (၃)နာရီခွဲက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စတင်ဖွင့်လှစ်သင်ကြားပေးခဲ့သည်။
ဝါးခယ်မမြို့နယ်တွင်မြို့သန့်ရှင်းသာယာလှပရေးအတွက် (Green City, Clean City, Smart City) နှင့်အညီဆောင်ရွက်ထားမှုများအားညောင်တုန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့လာရောက်စစ်ဆေး
Dec 20,2021
ဧရာဝတီတိုင်းဒေသကြီး၊မြောင်းမြခရိုင်၊ဝါးခယ်မမြို့နယ်မြို့ပေါ်ရပ်ကွက်များတွင် သန့်ရှင်းသာယာ ပြီး စိမ်းလန်းစိုပြေသောမြို့အင်္ဂါရပ် (Green City, Clean City, Smart City)နှင့်အညီ ဆောင်ရွက်ထားမှု အခြေ အနေများအား ယနေ့နံနက်(၉)နာရီကညောင်တုန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုး နှင့်အဖွဲ့ ကလာရောက်စစ်ဆေးခဲ့ကြောင်းသိရသည်။