သတင်းများ

ချမ်းမြသာစည်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ဝိုင်း ပြုလုပ်
Dec 21,2021
စာဖတ်သည့် အလေ့အထများရရှိစေရန် ရည်ရွယ်၍ စာရေးဆရာမ ခင်‌စောတင့်၏ "ဆုံးဖြတ်ဖို့ ခက်ခဲနေမယ်ဆိုရင်"စာအုပ်ဖြင့် မြို့နယ်ရုံးဝန်ထမ်းများနှင့်စာပေမြတ်နိုးသူများ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကို ယနေ့ နံနက်(၁၀)နာရီအချိန်က ချမ်းမြသာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
တကောင်းမြို့ ပြည်သူ့စာကြည့်တိုက်တွင် Online မှတစ်ဆင့် အသိပညာပေးလုပ်ငန်းများလွှင့်တင်
Dec 21,2021
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကာလအတွင်း တကောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပြည်သူ့စာကြည့် သို့ စာအုပ်စာစောင်များ လာရောက်ငှားရမ်းခြင်း မပြုနိုင်သည့် စာဖတ် ပရိသတ်များ အသိပညာဗဟုတ ရှာမှီးသည့် ကလေးသူငယ်များအတွက် ရည်ရွယ်၍ ပြင်ဦးလွင်ခရိုင်၊ တကောင်းမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Online မှတစ်ဆင့် အသိပညာပေး လုပ်ငန်များ လွှင့်တင်စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
ဖျာပုံမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပုံပြင်ပြောပြိုင်ပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်များပြသ
Dec 21,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန ( Community Centre ) ခန်းမတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပုံပြင်ပြောပြိုင်ပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းများကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က ဖျာပုံခရိုင် ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ နှင့် ခရိုင်ရုံးစာကြည့်တိုက်တို့တွင် ကျင်းပ ပြုလုပ် ဆောင်ရွက်ခဲ့ကြသည်။
မုဒုံမြို့၌ မီးဘေးသင့်အိမ်ထောင်စုဝင်များအား ငွေနှင့်ထောက်ပံ့ရေးပစ္စည်းများပေး အပ်
Dec 21,2021
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ် ဝက်တဲကျေးရွာတွင် မီးလောင်ပျက်စီးဆုံးရှုံး သွားသော နေအိမ်မှ အိမ်ထောင်စုဝင်များအားထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ်ခြင်းကို ဒီဇင်ဘာ ၂၀ ညနေပိုင်းက အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သိရသည်။
မြစ်သားမြို့၌ ပန်းခင်းစီမံချက် အကြောင်းပြည်သူများသိရှိရန် LED Board မော်တော်ယာဉ်ဖြင့် အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ
Dec 21,2021
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှဆောင်ရွက် လျက်ရှိ သော ပန်းခင်းစီမံချက်အကြောင်း ပြည်သူများကျယ်ကျယ် ပြန့်ပြန့်သိရှိနိုင်စေရန် LED Board မော်တော်ယာဉ် ဖြင့် အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့နံနက်(၉)နာရီက မြို့ပေါ်လူစည်ကားရာ နေရာများ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တကောင်းမြို့၊ ဖုန်ကုန်းကျေးရွာအုပ်စုအတွင်းရှိ အခြေခံပညာကျောင်းများမှ (၁၂) နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူ များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေး
Dec 21,2021
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့၊ ဖုန်ကုန်း ကျေးရွာအုပ်စုအတွင်းရှိ အခြေခံ ပညာကျောင်းများမှ အသက် (၁၂)နှစ်နှင့် အထက်ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်းထိုးနှံပေးခြင်းကို ယနေ့နံနက် (၉) နာရီအချိန်က ဖုန်ကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) စုရပ်တွင် ထိုးနှံပေးခဲ့ ကြောင်း သိရသည်။
နတ်မောက်မြို့နယ် မြန်မာ့စီးပွာရေးဘဏ်တွင် ပင်စင်စားများအား ပင်စင်လစာငွေများစတင်ထုတ်ပေး
Dec 21,2021
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်မြန်မာ့စီးပွာရေးဘဏ်တွင် ပင်စင်စားများအား ပင်စင်လစာငွေ များ ကို ယနေ့နံနက် (၇) နာရီအချိန်ခန့်ကစတင်ပြီး ထုတ်ပေးလျက်ရှိသည်။
မုဒုံမြို့နယ်တွင်ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ် ရေးကတ်များ‌ ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ
Dec 21,2021
“လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့” ဟူသည့် ဆောင်ပုဒ်နှင့်အညီ နိုင်ငံသား တိုင်းဥပဒေ အရ ကိုင်ဆောင်သင့်သည့် လက်မှတ်တစ်မျိုးမျိုးကိုင်ဆောင်နိုင်ရေးအ တွက် ဒီဇင်ဘာ ၂၀ ရက်နေ့က မွန်ပြည်နယ်၊ မုဒုံမြို့နယ် ရပ်ကွက်/