မြစ်သား ဒီဇင်ဘာ ၂၁
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှဆောင်ရွက် လျက်ရှိ သော ပန်းခင်းစီမံချက်အကြောင်း ပြည်သူများကျယ်ကျယ် ပြန့်ပြန့်သိရှိနိုင်စေရန် LED Board မော်တော်ယာဉ် ဖြင့် အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့နံနက်(၉)နာရီက မြို့ပေါ်လူစည်ကားရာ နေရာများ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြစ်သားမြို့နယ်ရုံးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေ စာရင်းနှင့် ပြည်သူများကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုးရရှိရေးကို ၂၀၂၁ ခုနှစ် မေလ(၃)ရက်နေ့မှစတင်၍ ဆောင်ရွက်ပေးလျက်ရှိရာ ဒေသခံပြည်သူများအနေဖြင့် ပန်းခင်း စီမံချက်အကြောင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် လူစည်ကားရာ နေရာများဖြစ်သည့် ရွှေမုဌော ဘုရားရှေ့၊ မြို့မစျေးရှေ့နှင့်စျေးအတွင်း၊ အခွန်လွတ်စျေးရှေ့၊ မြစ်သားမြို့ အဝင်နှင့် မြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ရုံးရှေ့နေရာများတွင် LED Board မော်တော် ယာဉ် ဖြင့် ပန်းခင်းစီမံချက်အကြောင်း၊ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိသော လုပ်ငန်းများကို ပညာပေး ပြသခဲ့သည်။
ထို့ပြင် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးမည့် လုပ်ငန်း(၄)ရပ်၊ နိုင်ငံသားကတ်လျှောက် ထားရာ တွင် ပါရှိရမည့် စာရွက် စာတမ်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူးများ ဆောင်ရွက်ပေးရမည့် လုပ်ငန်းများ ၊ နိုင်ငံသား စိစစ်ရေးကတ်ပြား ကိုင်ဆောင်သူများ လိုက်နာရမည့် အချက်များ၊ အိမ်ထောင်စုလူဦးရေစာရင်းအတွက် လိုက်နာရမည့် အချက်များပါဝင်သည့် လက်ကမ်း စာစောင်ရေ (၁၂၀၀) ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး လုပ်ငန်းဆောင်ရွက်ရာသို့ မြစ်သားမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးခိုင်နှင်အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး မောင်မောင်နှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ် ဦးစီးမှူး ဦးဝင်းဆွေနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူးများက ပူးပေါင်းပါဝင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
သီတာအောင်(မြစ်သား)