Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
ပန်းတနော်မြို့ သန့်ရှင်းသာယာလှပစေရေး ရန်ကုန်- ပုသိမ်ကားလမ်းဘေး ဝဲ/ ယာ ရှိ ခြုံနွယ်မြက်ပင်များ ရှင်းလင်းခြင်းနှင့် အလှပန်းပင်များ စိုက်ပျိုးခြင်း ဆောင်ရွက်
Dec 21,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့ သန့်ရှင်းသာယာလှပစေရေးအတွက် စည်ပင်သာယာရေး အဖွဲ့မှ မြို့အဝင် ရန်ကုန်- ပုသိမ်ကားလမ်းမကြီး လမ်းဘေး ဝဲ/ ယာ ရှိ ခြုံနွယ်မြက်ပင်များခုတ်ထွင်ရှင်းလင်းခြင်း အလှပန်းပင်များ စိုက်ပျိုးခြင်း ဆောင်ရွက်လျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဗိုလ်နှင့်အဖွဲ့ဝင် များက သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပလောက်မြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ"အိုမီခရွန်"ရောဂါပိုးကြိုတင်ကာကွယ်နိုင်ရေး အတွက် အသိပညာပေးနှိုးဆော်မှုများအရှိန်အဟုန်မြှင့်ဆောင်ရွက်
Dec 21,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါပိုး ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယနေ့နံနက်(၁၁)နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ပေါ်ရပ်ကွက်များ၌ အသိပညာပေးနှိုး ဆော်မှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်တုန်းမြို့ သန့်ရှင်းသာယာလှပရေးအတွက် (Green City, Clean City, Smart City) နှင့်အညီဆောင်ရွက်ထားမှုများအားကွင်းဆင်းစစ်ဆေး
Dec 21,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် သန့်ရှင်းသပ်ရပ်သာယာလှစေရေးအတွက် မြို့နယ်စည်ပင်သာယာရေး အဖွဲ့နှင့် ပြည်သူများ ပူးပေါင်း၍ (Green City, Clean City, Smart City) အဖြစ်ဆောင်ရွက်ထားရှိမှုအား ယမန်နေ့ နံနက်ပိုင်းက စစ်ဆေးရေးအဖွဲ့များမှ ကွင်းဆင်းစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကော့ကရိတ်မြို့၌ ကာကွယ်ဆေး တစ်ကြိမ်တစ်ခါမှ ထိုးနှံထားခြင်းမရှိသူများအား ကိုဗစ် - ၁၉ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ
Dec 21,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကို ထိထိရောက် ကာကွယ်နိုင်ရန်အတွက် ကာကွယ်ဆေး တစ်ကြိမ်တစ်ခါမှ ထိုးနှံထားခြင်း မရှိသူများနှင့် ဒုတိယအကြိမ် ထိုးနှံရန် သတ်မှတ်ရက်များအတွင်း အကြောင်းအမျိုးမျိုးကြောင့် လာရောက်ထိုးနှံခြင်းမရှိသည့် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့ နံနက် ၉နာရီအချိန်က ဇိနသုခ ဓမ္မာရုံ၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ငပုတောမြို့နယ်တွင် မသန်စွမ်းသူများပြုစုစောင့်ရှောက်ရေး အသိပညာပေးဆွေးနွေးပွဲ Talk Show ဆောင်ရွက်
Dec 21,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ မသန်စွမ်းသူများ ပြုစုစောင့်ရှောက်ရေး အသိပညာပေး ဆွေးနွေးပွဲ Talk Show ကို ယမန်နေ့ မွန်းလွဲ ( ၂ )နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့၌ မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာများနှင့် စပ်လျဉ်းသည့် အသိပညာပေး နံရံကပ်စာစောင်ပြသ
Dec 21,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ရုံးရှေ့ မြေစိုက်ဘုတ်တွင် မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာများနှင့် စပ်လျဉ်းသည့် သိကောင်းစရာများကို ယမန်နေ့ နံနက်ပိုင်းက စတင်ပြသ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ငဖဲမြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်း(ပင်စင်စား)(၈၃၄)ဦး၏ ပင်စင်လစာငွေများ စတင်ထုတ်ပေးလျက်ရှိ
Dec 21,2021
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စု(၃၃)အုပ်စုတွင် နိုင်ငံ့ဝန်ထမ်းပင်စင်စား(၈၄၅)ဦးနေထိုင်လျက်ရှိရာ ဝန်ထမ်း(ပင်စင်စား) များ၏ ဒီဇင်ဘာလအတွက် ပင်စင်လစာများကို ဒီဇင်ဘာလ ၂၁ ရက်နေ့မှစတင်၍ ငဖဲမြို့ မြန်မာ့စီးပွားရေးဘဏ်၌ ဘဏ်ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ အလှည့်ကျသတ်မှတ်နေ့အလိုက်စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘိုကလေးမြို့နယ်တွင် နိုင်ငံတစ်ဝန်းမှုခင်းစီမံခန့်ခွဲမှု အစီအစဉ် မိတ်ဆက်ရှင်းလင်းပွဲကျင်းပ
Dec 21,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ မြို့တော်ခန်းမတွင် ယနေ့နံနက်(၉)နာရီ၌ နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှု မိတ်ဆက်ရှင်းလင်းခြင်း အခမ်းအနား ကျင်းပဆောင်ရွက်ခဲ့ပြီး အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်တရားသူကြီး၊ မြို့နယ်တရားသူကြီးနှင့်အဖွဲ့များ၊ ဌာနဆိုင်ရာများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
22311
Page
22312
Page
22313
Page
22314
Current page
22315
Page
22316
Page
22317
Page
22318
Page
22319
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department