ချမ်းမြသာစည်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ဝိုင်း ပြုလုပ်

ချမ်းမြသာစည်   ဒီဇင်ဘာ  ၂၁

စာဖတ်သည့် အလေ့အထများရရှိစေရန် ရည်ရွယ်၍ စာရေးဆရာမ ခင်‌စောတင့်၏ "ဆုံးဖြတ်ဖို့ ခက်ခဲနေမယ်ဆိုရင်"စာအုပ်ဖြင့် မြို့နယ်ရုံးဝန်ထမ်းများနှင့်စာပေမြတ်နိုးသူများ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကို ယနေ့ နံနက်(၁၀)နာရီအချိန်က ချမ်းမြသာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ငြိမ်းအိအိဖြိုးက "နေရာတိုင်းမှာ စိတ်ဝင်စားစရာ လူတွေရှိပါတယ်" ခေါင်းစဉ် ကို ဦးဆောင် ဖတ်ကြား ဆွေးနွေးခဲ့ပြီး ဒေါ်မြင့်ကေသွယ်ခိုင်(ရုပ်သံကျွမ်းကျင်-၃)က "ပူပင်သောကတွေ ဦးတည်လာနေပြီလား"ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါ်ခိုင်ခင်ဦး (အငယ်တန်းစာရေးက "ပျော်ရွှင်စရာကမ္ဘာ " ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာပေမြတ်နိုးသူ မယုကလျာစိုးက " မိမိကိုယ် ကိုကြင်နာဖို့ အချိန်ဖန်တီးပါ" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မသက်ဝေဖူးက "ပန်းစည်းကလေး" ခေါင်းစဉ်ကိုလည်းကောင်း အသီးသီး ဖတ်ကြားကြပြီး အမြင်ခြင်းဖလှယ်သည့်အနေဖြင့် အပြန် အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)