နတ်မောက် ဒီဇင်ဘာ ၂၁
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်မြန်မာ့စီးပွာရေးဘဏ်တွင် ပင်စင်စားများအား ပင်စင်လစာငွေ များ ကို ယနေ့နံနက် (၇) နာရီအချိန်ခန့်ကစတင်ပြီး ထုတ်ပေးလျက်ရှိသည်။
ထိုသို့ထုတ်ပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောစည်ကမ်းချက်များနှင့်အညီ ပင်စင် လစာငွေ လာရောက်ထုတ်ယူသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး အတွက် စနစ်တကျ ရှိစေရန် သုံးပေအကွာစည်းမျဉ်းများပြုလုပ်ထားပေးခြင်း၊ လက်ဆေးဘေစင်များပြုလုပ်ထားပေးခြင်း များကို နတ်မောက်မြို့နယ်မြန်မာ့စီးပွားရေးဘဏ်မှ စီစဉ်ဆောင်ရွက် ထားသည်။
အဆိုပါပင်စင်ထုတ်ယူရာတွင် ပင်စင်စားများအား ပင်စင်လစာငွေထုတ်ယူရာ၌ အဆင်ပြေစေရေးအတွက် ဒီဇင်ဘာလ (၂၁) ရက်နေ့မှ (၂၉) ရက်နေ့အထိ နတ်မောက်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ပင်စင်စားများအား နေ့စဉ် နံနက် (၇)နာရီ မှ ညနေ (၃) နာရီအထိ ထုတ်ပေးလျက်ရှိသည်။ ထို့ပြင်သတ်မှတ် ရက်များတွင် လာရောက်မထုတ်ယူနိုင်သော ပင်စင်စားများအား ဇန်နဝါရီလဆန်းပိုင်းတွင် ဘဏ်လုပ်ငန်းချိန် အတွင်း၌လာရောက်ထုတ်ယူနိုင်ပြီး နတ်မောက်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လာရောက် ထုတ်ယူသူ (၁၆၀၀) ဦးခန့်ရှိကြောင်းသိရသည်။
လှဝင်း (နတ်မောက်)