တကောင်းမြို့၊ ဖုန်ကုန်းကျေးရွာအုပ်စုအတွင်းရှိ အခြေခံပညာကျောင်းများမှ (၁၂) နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူ များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေး

တကောင်း ဒီဇင်ဘာ ၂၁

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့၊ ဖုန်ကုန်း ကျေးရွာအုပ်စုအတွင်းရှိ အခြေခံ ပညာကျောင်းများမှ အသက် (၁၂)နှစ်နှင့် အထက်ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်းထိုးနှံပေးခြင်းကို ယနေ့နံနက် (၉) နာရီအချိန်က ဖုန်ကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) စုရပ်တွင် ထိုးနှံပေးခဲ့ ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် ဖုန်ကုန်း အ-ထ-က(ခွဲ) ကျောင်း၊ ညောင်လေးပင် အ-လ-က ကျောင်းများမှ ပထမအကြိမ် ကာကွယ်ဆေးထို့နှံသည့် လယ်တန်းအဆင့်နှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၂) ဉီး၊ ဒုတိယ အကြိမ်ထိုးနှံသူ (၃၄) ဦးအား ကျန်မာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ကာကွယ်ဆေးကို ထိုးနှံပေးကာ ဆေးထိုးနှံခဲ့ပြီးသော ကျောင်းသား၊ ကျောင်းသူများကို ကာကွယ်ဆေးထိုးနှံပြီး နောက်ဆက်တွဲပြဿနာ၊ အန္တရာယ် တစ်စုံတရာရှိ၊ မရှိ သိရှိနိုင်ရန် နာရီဝက်စောင့်ကြည့်ပြီးမှသာ ပြန်လည်ထွက်ခွာခွင့်ပြုကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျန်းမာရေးဦးစီး ဌာနမှ တာဝန်ရှိသူများ၊ ဆရာ/ဆရာမများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊  ကျောင်းသားမိဘများက ပူပေါင်းဆောင်ရွက်ကာ ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

သီရိအောင် (တကောင်း)