သတင်းများ

စုကလိမြို့၌ ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron) ရောဂါပိုး ကြိုတင် ကာကွယ်ရေး အသိပေးချက် များနှင့် ကာကွယ်ဆေးထိုးနှံကြရန် လိုက်လံနှိုးဆော်
Dec 21,2021
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊စုကလိမြို့၌ ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron) ရောဂါပိုး ကူးစက်မှု မရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေး အသိပေးချက်များ နှင့် ကာကွယ်ဆေးထိုးနှံကြရန် နှိုးဆော်မှုများအား အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီအချိန်က ရပ်ကွက်များအတွင်း (Hand Speaker) ဖြင့် လိုက်လံ နှိုးဆော်ခဲ့သည်။
လိပ်သိုမြို့၌  (၇၄)နှစ်မြောက်  လွတ်လပ်ရေးနေ့အထိမ်းအမှတ်  အသိပညာပေး(Talk Show)ဆွေးနွေးပွဲကျင်းပ    
Dec 21,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်  ပညာရေးဌာနတို့ ပူးပေါင်းပြီး ယနေ့ နံနက်(၁၀)နာရီအချိန်က(၇၄)နှစ်မြောက်  လွတ်လပ်ရေး နေ့ အထိမ်းအမှတ်  အသိပညာပေး(Talk Show)ဆွေးနွေးပွဲကျင်းပ ပြုလုပ်ခဲ့သည်။
အင်းစိန်မြို့နယ်၌ သတ်မှတ်ထားသောနေရာများတွင် ရပ်ကွက်နေပြည်သူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ
Dec 21,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်နိုင်စေရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန် ရည်ရွယ်၍ မြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကာ ယနေ့ နံနက်ပိုင်းက အင်းစိန် မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် သက်မှတ်ထားသော နေရာများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိသည်။
ကော့ကရိတ်မြို့၌ ကိုဗစ် - ၁၉ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်(omicron ) ရောဂါ ကြိုတင် ကာကွယ်ရေးအသိပညာပေးနှိုးဆော်ခြင်းကို စဥ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိ
Dec 21,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ  ကြိုတင်ကာကွယ်ရေးကို  ပြည်သူများအနေဖြင့် ကျယ်ကျယ်​ပြန့်ပြန့် သိရှိစေရန်နှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် ပူးပေါင်းပါဝင်နိုင်ရန်အတွက် အသိပညာပေး နှိုးဆော် ခြင်းကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် (၉)နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက  မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် လှည့် လည် အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့ မြို့မရပ်ကွက်ရှိ မီးလောင်မှုဖြစ်ပွားသောနေအိမ်အား ထောက်ပံ့ငွေနှင့်ထောက်ပံ့ပစ္စည်းများပေးအပ်
Dec 21,2021
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ မြို့မရပ်ကွက်ရှိ မီးလောင်မှုဖြစ်ပွားသောနေအိမ်အတွက် ယမန်နေ့နံနက်ပိုင်းက ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေနှင့်ထောက်ပံ့ပစ္စည်း များပေးအပ်ခဲ့သည်။
ဘုရားသုံးဆူမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ကိုဗစ် - ၁၉ မျိုးကွဲသစ် အိုမီခရွန်(omicron ) ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဆောင်ရွက်
Dec 21,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့တွင် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကူးစက် ပျံ့နှံမှုမှ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာန ဝန်ထမ်းများက ကိုဗစ် - ၁၉ မျိုးကွဲသစ် အိုမီခရွန် (omicron) ရောဂါ ကြိုတင် ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ညနေ(၄)နာရီ အချိန်က မြို့ပေါ်ရပ်ကွက်များတွင် လှည့်လည်အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
ဘုတ်ပြင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ် အိုမီခရွန် ရောဂါကာကွယ်ရေး အသိပေးနှိုးဆော်
Dec 21,2021
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်တွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်‌ရေး၊ ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ်အိုမီခရွန် ကြိုတင် ကာကွယ်တားဆီးရေးဆိုင်ရာ အချက်များကို ယမန်နေ့ညနေက ဘုတ်ပြင်းမြို့ ထောင်စုံမဟက် ကျေးရွာအုပ်စုရှိ ချောင်းတာစူးကျေးရွာသို့ လှည့်လည်၍ အသိပညာပေး တိုက်တွန်းနှိုးဆော်ခဲ့ ကြောင်း သိရသည်။
ကော့သောင်းမြို့တွင် မီးဘေးအန္တရာယ် ကာကွယ်ရေးဇတ်တိုက်လေ့ကျင့် မှုများဆောင်ရွက်
Dec 21,2021
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ်အတွင်း မီးဘေးအန္တရာယ်များဖြစ်ပွားလာပါက မီးငြှိမ်းသတ်ရေးလုပ်ငန်းများကို ထိရောက်လျင်မြန်စွာ ဆောင်ရွက်နိုင်ရေးအတွက် ယနေ့ နံနက် ပိုင်းက  ကော့သောင်းမြို့ မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များ ဇာတ်တိုက်လေ့ကျင့်မှု ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။