တကောင်းမြို့ ပြည်သူ့စာကြည့်တိုက်တွင် Online မှတစ်ဆင့် အသိပညာပေးလုပ်ငန်းများလွှင့်တင်

တကောင်း ဒီဇင်ဘာ ၂၁

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကာလအတွင်း တကောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပြည်သူ့စာကြည့် သို့ စာအုပ်စာစောင်များ လာရောက်ငှားရမ်းခြင်း မပြုနိုင်သည့် စာဖတ် ပရိသတ်များ အသိပညာဗဟုတ ရှာမှီးသည့် ကလေးသူငယ်များအတွက် ရည်ရွယ်၍ ပြင်ဦးလွင်ခရိုင်၊ တကောင်းမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Online မှတစ်ဆင့် အသိပညာပေး လုပ်ငန်များ လွှင့်တင်စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပြည်သူ့စာကြည့်တိုက်ရှိ သုတ/ရသ စာအုပ်များ မိတ်ဆက်ပေးခြင်း၊ ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ခြင်း၊ စက္ကူရုပ်ခေါက် အစီအစဉ်များကို စာဖတ်ပရိသတ်များ၊ ကျောင်းသား/ ကျောင်းသူများ၊ စာပေဝါသနာချစ်မြတ်နိုးသူ များ၊ ကလေးသူငယ်များ သိရှိနိုင်စေရန် တကောင်းမြို့ ပြည်သူ့စာကြည့်တိုက် Facebook Page မှ အသိပညာပေး အစီအစဉ်များကို Online မှတဆင့် စဉ်ဆက်မပြတ် လွှင့်တင်ပေးလျက်ရှိကြောင်း သိရ သည်။

သီရိအောင်(တကောင်း)