သတင်းများ

မေတ္တာမြို့၊ တောင်သုံးလုံးကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများနှင့် အိမ်ထောင်စုစာရင်းကွင်းများဆင်းဆောင်ရွက်ပေး
Dec 21,2021
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မေတ္တာမြို့ဦးစီးမှူးရုံးအနေဖြင့် ကျေးရွာ များတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့်  အိမ်ထောင်စု ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိရာ ဒီဇင်ဘာလ ၁၈ ရက်နေ့မှ  ၂၀ ရက်နေ့အထိ မေတ္တာမြို့၊ တောင်သုံး လုံးကျေးရွာတွင် ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ကျောက်တံတားမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်စာဖတ်ဝိုင်းကျင်းပ
Dec 21,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်၌ စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များ စုစည်း၍ Book Club စာဖတ်ဝိုင်းကို ယနေ့မွန်းလွဲ (၁) နာရီက မြို့နယ် ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့် အညီကျင်းပပြုလုပ်ခဲ့သည်။
ကယားပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး ယနေ့ထပ်မံတွေ့ရှိသူ (၁)ဦးရှိပြီး ယ​နေ့တွင် သေဆုံးသူမရှိ၊ ယနေ့ထိ ဆေးရုံ ဆင်းခွင့်ရသူ (၅၆၀၂) ဦးရှိ
Dec 21,2021
ကယားပြည်နယ်အတွင်းရှိမြို့နယ်များတွင် Quarantine ထားရှိသူများနှင့် ယမန်ရက်နေ့အထိ အနံ့ပျောက်၍ လာရောက် ပြသသူများ၊ ၎င်းတို့နှင့်ထိတွေ့ ဆက်စပ်သူ(၇၃) ဦးတို့အား Covid-19 Antigen Rapid Diagnostic Test (RDT) ဖြင့် စစ်ဆေးခဲ့ရာ ပိုး​ တွေ့လူနာသစ် (၁)ဦးရှိကြောင်း သိရှိရသည်။
ကျွန်းစုမြို့တွင် “ပန်းခင်းစီမံချက်”ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး
Dec 21,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျွန်းစုမြို့နယ်ရုံးမှ “ပန်းခင်းစီမံချက်”ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် ပြားများကို ဒီဇင်ဘာလ(၁၀)ရက်နေ့မှ (၂၀)ရက်နေ့အထိ တောပြားကျေးရွာအုပ်စုရှိ ကျေးရွာ(၇)ရွာ ၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကမမောင်းမြို့တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် (အကြို) စာအုပ်ပြပွဲနှင့်နံရံကပ်ပြပွဲများဆောင်ရွက်
Dec 21,2021
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်(အကြို) စာအုပ်စာ စောင်နှင့်နံရံကပ်ပြပွဲများပြသခြင်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက်ပိုင်းအချိန်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ပြုလုပ် ဆောင်ရွက်.ကြောင်း သိရသည်။
ကမမောင်းမြို့တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် (အကြို) စာအုပ်ပြပွဲနှင့်နံရံကပ်ပြပွဲများဆောင်ရွက်
Dec 21,2021
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်(အကြို) စာအုပ်စာ စောင်နှင့်နံရံကပ်ပြပွဲများပြသခြင်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက်ပိုင်းအချိန်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ပြုလုပ် ဆောင်ရွက်.ကြောင်း သိရသည်။
ကျိုက်ဒုံမြို့၌ မြန်မာဘာသာ၊စကောကရင်ဘာသာ၊ပိုးကရင်၊ဘာသာဖြင့် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းရောဂါပိုး အိုမီခရွန်(omicron) ကြိုတင်ကာကွယ်နိုင်စေရေးအတွက် အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်
Dec 21,2021
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင်ကျိုက်ဒုံမြို့၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက ယနေ့ နံနက် ၉ နာရီက ကျိုက်ဒုံမြို့ အမှတ် (၃) ရပ်ကွက်၌ ဒေသနေပြည်သူများအား မြန်မာဘာသာ၊ စကောကရင်ဘာသာ၊ပိုးကရင်ဘာသာဖြင့် အိုမီခရွန်(omicron) ကိုဗစ်-၁၉ မျိုးရိုး ဗီဇပြောင်း ရောဂါပိုးများကို သတိပြုကာ ကြိုတင်ကာကွယ်နိုင်စေရေးအတွက် အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်ခဲ့သည်။
ကြာအင်းဆိပ်ကြီးမြို့၌ အများပြည်သူများအား ကိုဗစ်-၁၉ မျိုးဗီဇသစ်ရောဂါ အိုမီခရွန်(omicron) ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်
Dec 21,2021
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက၊ မိဘပြည်သူများအားကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း ရောဂါပိုး အိုမီခရွန် (Omicron) ကို သတိပြုအ‌လေးနက်ထား ကြိုတင် ကာကွယ်နိုင်စေရေးအတွက် ယနေ့ နံနက်ပိုင်းအချိန်က မြို့ပေါ်ရပ်ကွက်များအတွင်းသို့ သွား ရောက်ပြီး အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။