မုဒုံမြို့နယ်တွင်ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ် ရေးကတ်များ‌ ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ

မုဒုံ   ဒီဇင်ဘာ  ၂၁

“လူမှုဘဝပြည့်စုံဖို့  နိုင်ငံသားကတ် ကိုင်ကြစို့” ဟူသည့်  ဆောင်ပုဒ်နှင့်အညီ  နိုင်ငံသား တိုင်းဥပဒေ အရ  ကိုင်ဆောင်သင့်သည့်  လက်မှတ်တစ်မျိုးမျိုးကိုင်ဆောင်နိုင်ရေးအ တွက် ဒီဇင်ဘာ ၂၀ ရက်နေ့က မွန်ပြည်နယ်၊ မုဒုံမြို့နယ် ရပ်ကွက်/ ကျေးရွာများအတွင်း ရှိပြည်သူများကို အုပ်ချုပ်ရေး မှူးရုံးများ၌ နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို အခ မဲ့ကွင်းဆင်းဆောင်ရွက်ပေးသည်။ ကွင်းဆင်း ဆောင်ရွက်ပေးရာတွင်  မုဒုံမြို့နယ် ဦးစီးမှူးရုံးမှ  မြို့နယ်ဦးစီးမှူး  ဦးအောင်မော်က ဦးဆောင်ကြီးကြပ်၍  ဝန်ထမ်းများက ဘလောက်ညောင်ဝိုင်းကျေး ရွာ၊နှီးပဒေါကျေးရွာနှင့် ကမာဝက်မြို့  ဂုံညင်းတန်းရပ်ကွက်အတွင်းရှိ နိုင်ငံသား စိစစ် ရေးကတ်ပြားမရှိသေးသည့် အသက်(၁၈)နှစ်နှင့်အထက်ဒေသခံ ပြည်သူများ အသစ် ပြုလုပ်ပေးခြင်း၊ ၃ (က) ၁၀ ဦး၊ ၆ (က) ၂၅ ဦး၊ လဲလှယ် ၁၂၂ ဦး၊ မိတ္တူ ၄၂ ဦး စုစု ပေါင်း(၁၉၉)ဦးနှင့်  အိမ်ထောင်စုလူဦးရေစာရင်း (၁၉၀) စုကိုစိ စစ်ပေးခြင်း၊(နိုင်) နံပါတ်ဖြည့်သွင်းပေးသူ() ဦး၊ သေဆုံးပယ်ဖျက် () ဦးတို့ကို ကျေးရွာများ အရောက် ကွင်းဆင်း ပြုလုပ်ပေးခဲ့သည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မုဒုံမြို့နယ်ဦးစီးမှူးရုံးအနေဖြင့်  ၂၀၂၁ ခုနှစ်၊  မေလ ၃ ရက်နေ့မှစတင်ကာ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ဆောင်ရွက် လျက်ရှိရာ မုဒုံမြို့နယ်အတွင်း  ယနေ့အချိန်အထိ လူဦး ရေ (၈၀၀၀)ကျော်ကို ကွင်းဆင်း ဆောင်ရွက် ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)