မုဒုံမြို့၌ မီးဘေးသင့်အိမ်ထောင်စုဝင်များအား ငွေနှင့်ထောက်ပံ့ရေးပစ္စည်းများပေး အပ်

မုဒုံ   ဒီဇင်ဘာ   ၂၁

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ် ဝက်တဲကျေးရွာတွင် မီးလောင်ပျက်စီးဆုံးရှုံး သွားသော နေအိမ်မှ အိမ်ထောင်စုဝင်များအားထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ်ခြင်းကို ဒီဇင်ဘာ ၂၀  ညနေပိုင်းက အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ သွားရောက်ထောက်ပံ့ပေးအပ်ရာတွင် မုဒုံမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့် ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက ဒီဇင်ဘာ  ၁၉ ရက်နေ့  နံနက်ပိုင်းက  မီးလောင်မှု ကြောင့် ပျက်စီးဆုံးရှုံးသွား ခဲ့သည့် လူနေအိမ် ()လုံးမှ အိမ်ထောင်စု နှစ်စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး၊  နှစ်အိမ်ထောင်စာ  တန်ဖိုးငွေ (၉၈၀၇၂) ကျပ်၊ အိမ် ဆောက်ပစ္စည်းဖိုးငွေ (၄၀၀၀၀၀)ကျပ်နှင့် ဆန်ဖိုးငွေ (၁၂၆၀၀)ကျပ်ကို သွားရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှထောက်ပံ့သည့် မိသားစုသုံးပစ္စည်းများ၊ အိမ် ဆောက်ပစ္စည်း တစ်စုံနှင့် တစ်ကိုယ်ရည်သုံးပစ္စည်း() လစာတစ်စုံတို့ကို မုဒုံမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ဥက္ကဋ္ဌနှင့် တပ်ဖွဲ့ဝင်များက သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပြီး အားပေးစကားနှင့် မီးဘေးအန္တရာယ် အသိပညာပေးခြင်းများတို့ကို ပြောကြားခဲ့ ကြောင်း သိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)