လိပ်သိုမြို့၌  (၇၄)နှစ်မြောက်  လွတ်လပ်ရေးနေ့အထိမ်းအမှတ်  အသိပညာပေး(Talk Show)ဆွေးနွေးပွဲကျင်းပ    

လိပ်သို  ဒီဇင်ဘာ   ၂၁

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်  ပညာရေးဌာနတို့ ပူးပေါင်းပြီး ယနေ့ နံနက်(၁၀)နာရီအချိန်က(၇၄)နှစ်မြောက်  လွတ်လပ်ရေးနေ့ အထိမ်းအမှတ်  အသိပညာပေး(Talk Show)ဆွေးနွေးပွဲကျင်းပ ပြုလုပ်ခဲ့သည်။

အဆိုပါ (၇၄)နှစ်မြောက်  လွတ်လပ်ရေးနေ့ အထိမ်းအမှတ်  အသိပညာပေး(Talk Show) ဆွေးနွေးပွဲတွင်    ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  မြို့ဦးစီးမှုး  ဒေါ်နော်နီလာအေးက  (Talk Show)  ပြုလုပ်ဆောင်ရွက်ရခြင်း၏  ရည်ရွယ်ချက်ကို  ရှင်းလင်း ပြောကြားပြီး  ပညာရေးဌာနမှ  မူလတန်းပြဆရာမ   ဒေါ်နီနီဝင်းက   လွတ်လပ်ရေးနေ့၏အဓိပ္ပါယ်၊  ကိုလိုနီ ကျွန်ဘဝ   လွတ်လပ်ရေးဆုံးရှုံး ခဲ့ရပုံ၊   လွတ်လပ်ရေးရအောင်   ကြိုးပမ်းခဲ့ရပုံ တို့ကို  အသိ ပညာပေး  ဆွေးနွေး ပြောကြားခဲ့သည်။

လိပ်သိုမြို့    ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  အနေဖြင့်    ပြည်သူများ   အသိပညာ  ဗဟုသုတရစေရေး    Online  မှတစ်ဆင့်   ပုံပြောခြင်း၊  ကဗျာရွတ်ဆိုခြင်း၊  စာအုပ် မိတ်ဆက်ခြင်း၊ အရု်ပခေါက်ခြင်းများနှင့်   ဆွေးနွေးပွဲများ၊ ဟောပြောပွဲများ၊  (Talk Show) အစီ အစဉ်များကို  လိပ်သိုမြို့ ပြည်သူ့စာကြည့်တိုက် Page  တွင်  ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရ သည်။

မြို့(ပြန်/ဆက်)