ကော့ကရိတ်မြို့၌ ကိုဗစ် - ၁၉ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်(omicron ) ရောဂါ ကြိုတင် ကာကွယ်ရေးအသိပညာပေးနှိုးဆော်ခြင်းကို စဥ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိ

ကော့ကရိတ်  ဒီဇင်ဘာ  ၂၁

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ  ကြိုတင်ကာကွယ်ရေးကို  ပြည်သူများအနေဖြင့် ကျယ်ကျယ်​ပြန့်ပြန့် သိရှိစေရန်နှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် ပူးပေါင်းပါဝင်နိုင်ရန်အတွက် အသိပညာပေး နှိုးဆော် ခြင်းကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် (၉)နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက  မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် လှည့်လည် အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

ထိုသို့ အသိပညာပေး‌ နှိုးဆော်ရာတွင် ကိုဗစ်-၁၉ရောဂါသည် ယခုအချိန်တွင် ဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန်အဖြစ် ရက်ပိုင်းအတွင်း နိုင်ငံအများအပြား၌ ကူးစက်ပျံ့နှံ့မှု ပိုမိုများပြားလာနေပြီဖြစ်သည့် အတွက် ကိုဗစ်-၁၉ရောဂါ မျိုးကွဲသစ် အိုမီခရွန်ကို ကြိုတင်ကာကွယ်နိုင်ရန်  ပြည်သူများအနေဖြင့် နေအိမ် ပြင်ပထွက်ခွာပါက နှာခေါင်းစည်း(Mask) စနစ်တကျ တပ်ဆင်ကြရန်၊ လူအများနှင့် ထိတွေ့ ဆက်ဆံပါက မျက်နှာကာ (Face shield) ကို တွဲဖက်တပ်ဆင်ရန်၊ လူစုလူဝေး ရှောင်ရှားရန်၊ လက်ကိုစက္ကန့် ၂၀ကြာ မကြာခဏ စနစ်တကျ ဆေးကြောရန်၊ အလုံပိတ် အခန်းများ၊ အဲယားကွန်း အခန်းများ၊ လေဝင်လေထွက် မကောင်းသော အခန်းများသို့ သွားရောက်ခြင်းမှ အတတ်နိုင်ဆုံး ရှောင်ရှားရန်၊ ကိုဗစ်-၁၉ရောဂါ သံသယလက္ခဏာများ ပေါ်ပေါက်ပါက နီးစပ်ရာ ကျန်းမာရေးဌာန သို့ ချက်ချင်းဆက်သွယ်၍ စောစီးစွာ ကုသမှုခံယူကြရန်နှင့် ကိုဗစ်-၁၉ရောဂါကို ထိထိရောက် ရောက် ကာကွယ်နိုင်ရန်အတွက် ကိုဗစ်-၁၉  ရောဂါ ကာကွယ်ဆေးကို မဖြစ်မနေထိုးနှံကြရန် စသည့်အချက်များကို အသံချဲ့စက်ဖြင့် လိုက်လံ နှိုးဆော်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)