သတင်းများ

ဘိုကလေးမြို့နယ်တွင် နိုင်ငံတစ်ဝန်းမှုခင်းစီမံခန့်ခွဲမှု အစီအစဉ် မိတ်ဆက်ရှင်းလင်းပွဲကျင်းပ
Dec 21,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ မြို့တော်ခန်းမတွင် ယနေ့နံနက်(၉)နာရီ၌ နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှု မိတ်ဆက်ရှင်းလင်းခြင်း အခမ်းအနား ကျင်းပဆောင်ရွက်ခဲ့ပြီး အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်တရားသူကြီး၊ မြို့နယ်တရားသူကြီးနှင့်အဖွဲ့များ၊ ဌာနဆိုင်ရာများ တက်ရောက်ကြသည်။
ဝေါလေမြိုင်မြို့၌ ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်(Omicron)ရောဂါပိုး ကြိုတင် ကာကွယ်ရေး အသိပေး ချက်များနှင့် ကာကွယ်ဆေးထိုးနှံကြရန် လိုက်လံနှိုးဆော်
Dec 21,2021
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့၌ ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron) ရောဂါပိုး ကူးစက်မှုမရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေး အသိပေးချက်များနှင့် ကာကွယ်ဆေးထိုးနှံကြရန် နှိုးဆော်မှုများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက ရပ်ကွက်များအတွင်း (Hand Speaker) ဖြင့် လိုက်လံ နှိုးဆော်ခဲ့သည်။
ကသာမြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ အမျိုးသမီးလေးများအား အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း ဖွင့်လှစ်သင်ကြား
Dec 21,2021
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ကသာမြို့အမျိုးသမီးအိမ်တွင်း မှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ အမျိုးသမီးငယ်များအား နိုဝင်ဘာလ(၃၀)ရက်နေ့မှစ၍ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၂) ကို ဖွင့်လှစ်ပို့ချလျက်ရှိသည်။
ဘိုကလေးမြို့နယ်တွင် သဘာဝ‌‌ဘေးအန္တရာယ် ဖြစ်ပွားမှုဆိုင်ရာ အသိပညာပေး Talk Show ကျင်းပ
Dec 21,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတွင် ယမန်နေ့ညနေ (၃)နာရီ၌ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပူးပေါင်း၍ သဘာဝဘေး အန္တရာယ်ဖြစ်ပွားမှု ဆိုင်ရာ အသိပညာပေး Talk Show ကျင်းပ ဆောင်ရွက်သည်။
ချမ်းမြသာစည်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ဝိုင်း ပြုလုပ်
Dec 21,2021
စာဖတ်သည့် အလေ့အထများရရှိစေရန် ရည်ရွယ်၍ စာရေးဆရာမ ခင်‌စောတင့်၏ "ဆုံးဖြတ်ဖို့ ခက်ခဲနေမယ်ဆိုရင်"စာအုပ်ဖြင့် မြို့နယ်ရုံးဝန်ထမ်းများနှင့်စာပေမြတ်နိုးသူများ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကို ယနေ့ နံနက်(၁၀)နာရီအချိန်က ချမ်းမြသာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
တကောင်းမြို့ ပြည်သူ့စာကြည့်တိုက်တွင် Online မှတစ်ဆင့် အသိပညာပေးလုပ်ငန်းများလွှင့်တင်
Dec 21,2021
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကာလအတွင်း တကောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပြည်သူ့စာကြည့် သို့ စာအုပ်စာစောင်များ လာရောက်ငှားရမ်းခြင်း မပြုနိုင်သည့် စာဖတ် ပရိသတ်များ အသိပညာဗဟုတ ရှာမှီးသည့် ကလေးသူငယ်များအတွက် ရည်ရွယ်၍ ပြင်ဦးလွင်ခရိုင်၊ တကောင်းမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Online မှတစ်ဆင့် အသိပညာပေး လုပ်ငန်များ လွှင့်တင်စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
ဖျာပုံမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပုံပြင်ပြောပြိုင်ပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်များပြသ
Dec 21,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန ( Community Centre ) ခန်းမတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပုံပြင်ပြောပြိုင်ပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းများကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က ဖျာပုံခရိုင် ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ နှင့် ခရိုင်ရုံးစာကြည့်တိုက်တို့တွင် ကျင်းပ ပြုလုပ် ဆောင်ရွက်ခဲ့ကြသည်။
မုဒုံမြို့၌ မီးဘေးသင့်အိမ်ထောင်စုဝင်များအား ငွေနှင့်ထောက်ပံ့ရေးပစ္စည်းများပေး အပ်
Dec 21,2021
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ် ဝက်တဲကျေးရွာတွင် မီးလောင်ပျက်စီးဆုံးရှုံး သွားသော နေအိမ်မှ အိမ်ထောင်စုဝင်များအားထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ်ခြင်းကို ဒီဇင်ဘာ ၂၀ ညနေပိုင်းက အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သိရသည်။