နတ်မောက်မြို့ မြို့မရပ်ကွက်ရှိ မီးလောင်မှုဖြစ်ပွားသောနေအိမ်အား ထောက်ပံ့ငွေနှင့်ထောက်ပံ့ပစ္စည်းများပေးအပ်

နတ်မောက်  ဒီဇင်ဘာ ၂၁

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ မြို့မရပ်ကွက်ရှိ မီးလောင်မှုဖြစ်ပွားသောနေအိမ်အတွက် ယမန်နေ့နံနက်ပိုင်းက ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေနှင့်ထောက်ပံ့ပစ္စည်း များပေးအပ်ခဲ့သည်။

ထိုသို့ထောက်ပံ့ငွေနှင့်ထောက်ပံ့ပစ္စည်းများပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှုး ဦးစီသူလွင်၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးဌေးမော် တို့က အိမ်ဆောက်ပစ္စည်းဖိုး(၂၀၀၀၀ဝိ/) ၊ လူတစ်ဦးအတွက်ဆန်ရိက္ခာ တစ်ပတ်စာ (၂၁၀၀/-) စုစုပေါင်းထောက်ပံ့ငွေ ၂၀၂၁၀ဝိ/ ၊ အိမ်ထောင်စုတစ်စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး တို့အား လက်ဝယ်အရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်းသိရသည်။

သင်းသင်းမြတ် (နတ်မောက်)