စုကလိ ဒီဇင်ဘာ ၂၁
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊စုကလိမြို့၌ ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron) ရောဂါပိုး ကူးစက်မှု မရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေး အသိပေးချက်များ နှင့် ကာကွယ်ဆေးထိုးနှံကြရန် နှိုးဆော်မှုများအား အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီအချိန်က ရပ်ကွက်များအတွင်း (Hand Speaker) ဖြင့် လိုက်လံ နှိုးဆော်ခဲ့သည်။
ထိုသို့ နှိုးဆော်ရာတွင် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron) ရောဂါပိုး ကူးစက်မှုမှ ကာကွယ်နိုင်ရန် မိမိနေအိမ်များတွင်သာ နေထိုင်ကြရန်၊ အရေးကြီးကိစ္စကြောင့် ပြင်ပသို့ထွက်ခွာပါက နှာခေါင်းစည်းကို စနစ်တကျတပ်ရန်၊ လူစုလူဝေး ပြုလုပ်ခြင်းနှင့် သွားလာခြင်းများကို ရှောင်ကြဉ်ရန်၊ တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကို ဆပ်ပြာနှင့် စက္ကန့် ၂၀ ကြာအောင် စနစ်တကျ ဆေးရန်နှင့် မိမိတို့၌ ရောဂါပိုး ကူးစက်ခံရသည် ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသ ခံယူရန် စသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအသိပေးချက်များနှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ကွင်းဆက်ပြတ်တောက်နိုင်စေရေးအတွက် ပြည်သူများ အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မဖြစ်မနေထိုးနှံကြရန်ကို (Hand Speaker) ဖြင့် လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။
စုကလိမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသိပေးချက် များနှင့် ကာကွယ်ဆေး ထိုးနှံကြရန် အသိပညာပေး နှိုးဆော်ခြင်းများကို ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက နေ့စဉ် အသိပညာပေး လိုက်လံနှိုးဆော်လျက်ရှိကြောင်း သိရသည်။
ပိုပိုအောင်