ကသာမြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ အမျိုးသမီးလေးများအား အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း ဖွင့်လှစ်သင်ကြား

ကသာ ဒီဇင်ဘာ ၂၁

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ကသာမြို့အမျိုးသမီးအိမ်တွင်း မှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ အမျိုးသမီးငယ်များအား နိုဝင်ဘာလ(၃၀)ရက်နေ့မှစ၍ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၂) ကို ဖွင့်လှစ်ပို့ချလျက်ရှိသည်။

အဆိုပါသင်တန်းကို ပြည်ထောင်စုတိုင်းရင်းသူလေးများသည် ပညာရှာမှီးရင်း တိုင်းရင်းသူ အချင်းချင်း ပိုမိုစည်းလုံးချစ်ခင်လျက် ပြည်ထောင်စုစိတ်ဓာတ်ခိုင်မြဲသည့် တိုင်းရင်းသူ လေးများ ဖြစ်လာစေရန်၊ နယ်စပ်ဒေသနှင့်ဆင်းရဲနွမ်းပါးသောဒေသများရှိ အမျိုးသမီးငယ်များကို အိမ်တွင်းမှု သက်မွေးပညာ ရပ်များ သင်ကြားပေးရန်နှင့် သင်ကြားတတ်မြောက်သည့် အသက်မွေးဝမ်းကျောင်း ပညာရပ်များဖြင့် ကိုယ်ပိုင်စီးပွား ရေးလုပ်ငန်းထူထောင်နိုင်သည်အထိ ကူညီဆောင်ရွက်ပေးရန်၊ တိုင်းချစ်၊ ပြည်ချစ်၊ အမျိုးချစ်စိတ် အစဉ်ရှင်သန်ထက်မြက်နေသည့် အမျိုးသမီးလေး ဖြစ်လာစေရန်၊ အိမ်တွင်းမှုပညာ ရပ်များ သင်ကြားပေးခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး စားဝတ်နေရေး ဘက်စုံတိုးတက်၍ လူနေမှုအဆင့်အတန်းမြင့်မားလာစေရန်၊ အမျိုးဂုဏ် ဇာတိဂုဏ်စောင့်ထိန်းပြီး အကျင့်စာရိတ္တကောင်း မွန်သည့် အမျိုးသမီးလေးများ ဖြစ်လာစေရန် ရည်ရွယ်ချက်များဖြင့် ပညာရေးနှင့် လေ့ကျင့်ရေးဦး စီးဌာနမှ ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်သည်။

အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၂)ကို ယခုနှစ်၊ နိုဝင်ဘာလ(၃၀)ရက်နေ့မှ ၂၀၂၂ခုနှစ်၊ မတ်လ (၃၁)ရက်နေ့အထိ (၁၈)ပတ်ကာလကြာ ဖွင့်လှစ်သင်ကြား သွားမည်ဖြစ်ပြီး သင်တန်းသူ အနေဖြင့် စုစုပေါင်းလူဦးရေ(၄၀)ဦး တက်ရောက်ပညာသင်ယူလျက်ရှိကြောင်း ကသာမြို့ အမျိုးသမီး အိမ် တွင်းမှုသင်တန်းကျောင်းမှ သိရသည်။

ခရိုင်(ပြန်/ဆက်)