ဘုရားသုံးဆူမြို့၌ မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး ဆောင်ရွက်
Dec 21,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့၌ ပွင့်လင်းရာသီရောက်ရှိလာပြီးဖြစ်သည့်အတွက် မီးဘေးအန္တရာယ်ကျရောက်မှုမရှိစေရေးနှင့် ကြိုတင်ကာကွယ်ရေးဆောင်ရွက်နိုင်ရန်အတွက် ဘုရား သုံးဆူမြို့ မီးသတ်ဦးစီးဌာနမှ မြို့ပေါ်ရပ်ကွက်နှင့်လူစည်ကားရာနေရာများတွင် မီးဘေးကြိုတင် ကာကွယ်ရေးအသိပညာပေး အကြောင်းအရာများအား ယမန်နေ့ ညနေ ၄ နာရီအချိန်၌ အသံချဲ့စက် ဖြင့် လှည့်လည်ကြေငြာခဲ့ကြောင်း သိရသည်။