ကြာအင်းဆိပ်ကြီး ဒီဇင်ဘာ ၂၁
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့် ကာယာပညာ ဦးစီးဌာနတို့မှ ပူးပေါင်းဆောင်ရွက် သည့် ကိုဗစ်ကာလရင်ဆိုင်ဖို့ အားကစားလှုပ်ရှားဆောင်ရွက်စို့ ခေါင်းစဉ်ဖြင့် Talk Show ဆွေးနွေးပွဲကို မိဘပြည်သူများအနေဖြင့် တွေ့မြင်ကြည့်ရှုလေ့လာသိရှိပြီး ကိုယ်ကာယ ကျန်းမာရေးလေ့ကျင့်ခန်းများ ပြုလုပ်ဆောင်ရွက်နိုင်စေရေးအတွက် ယမန်နေ့ညနေပိုင်း ၄ နာရီအချိန်က မြို့နယ်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ပြုလုပ်ခဲ့ ကြောင်း သိရသည်။
အဆိုပါ Talk Show ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဒေါ်နှင်းကြည်က မိဘပြည်သူများအနေဖြင့် လေ့လာသိရှိနိုင်စေရေးအတွက် ဆွေးနွေးပွဲများ ပြုလုပ်ဆောင်ရွက်ပေးနေမှု အခြေအနေများအား ရှင်းလင်းပြောကြားပြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဒေါ်ခိုင်ကျော့ကျော့ဝေက အများပြည်သူများနှင့် လူငယ်လူရွယ်များအား ကိုယ်ကာယကျန်းမာရေးလေ့ကျင့်ခန်းများ အား နေ့စဉ်အချိန်တစ်ခုပေး၍ လေ့ကျင့်ဆောင်ရွက်လိုစေကြောင်း မိမိတို့ဦးစီးဌာန အနေဖြစ်လည်း ကိုယ်ကာယလေ့ကျင့်ခန်းများကို သင်ကြားပြသဆောင်ရွက်ပေး လျက်ရှိပါ ကြောင်းပြောကြားပြီး ကြခတ်ချောင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းမှ ဆရာမ ဒေါ်ချစ်ပွင့်သီမှ ကျောင်းသားကျောင်းသူ လူငယ်လူရွယ်များအား မိမိအနေဖြင့် ကိုယ်ကာယ လေ့ကျင့်ခန်းများကို သင်ကြားပြသလေ့ကျင့်ပေးလျက်ရှိပါကြောင်း မိဘပြည်သူများအနေ ဖြင့်လည်း ကိုယ်ကာယလေ့ကျင့်ခန်းများကို လေ့ကျင့်ဆောင်ရွက်စေလိုပါကြောင်း ဆွေးနွေး ပြောကြားသည်။
ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လစဉ်ပြုလုပ် ဆောင်ရွက်လျက်ရှိသည့် ခေါင်းစဉ်များအလိုက် Talk Show ဆွေးနွေးပွဲများကို Online မှတဆင့် ထုတ်လွှင့်ပြသပေးလျက်ရှိရာမိဘပြည်သူများအနေဖြင့် IPRD Kyarinn Seik kyi facebook Page စာမျက်နှာတွင် ကြည့်ရှုလေ့လာနိုင်ပါကြောင်း သိရသည်။
မျိုးမင်းဦး