ဖာပွန် ဒီဇင်ဘာ ၂၁
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင်ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အကြောင်းများကို ပြည်သူများ သိရှိစေရန် ရည်ရွယ်၍ အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယနေ့နေ့လယ် ပိုင်းအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ Online မှတစ်ဆင့် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်ခင်ခင်ထွန်းက (TalkShow) ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး၊ ဒုတိယဦးစီးမှူးနှင့် ၀န်ထမ်းတစ်ဦးတို့က ကလေးသူငယ်ဆိုတာ အသက်အရွယ် အပိုင်းအခြားအလိုက် သတ်မှတ်ထားကြောင်း၊ ကလေးသူငယ်များ၏ အခွင့်အရေး များ၊ ကလေးသူငယ်များအနေဖြင့် မိမိကိုယ်ကိုကာကွယ်ရမည့် အချက်များ၊ မိဘများဆရာသမားများက ကလေးများရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့်များကို လက်ခံဆောင်ရွက်ကြရန်တို့ကို အပြန်အလှန် ဆွေးနွေးမှုများကို Online မှ တစ်ဆင့် အသိပညာပေး ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရှိရ သည်။
ခင်စန်းမြင့်ပြန်/ဆက်