ဘုရားသုံးဆူ ဒီဇင်ဘာ ၂၁
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့၌ ပွင့်လင်းရာသီရောက်ရှိလာပြီးဖြစ်သည့်အတွက် မီးဘေးအန္တရာယ်ကျရောက်မှုမရှိစေရေးနှင့် ကြိုတင်ကာကွယ်ရေးဆောင်ရွက်နိုင်ရန်အတွက် ဘုရား သုံးဆူမြို့ မီးသတ်ဦးစီးဌာနမှ မြို့ပေါ်ရပ်ကွက်နှင့်လူစည်ကားရာနေရာများတွင် မီးဘေးကြိုတင် ကာကွယ်ရေးအသိပညာပေး အကြောင်းအရာများအား ယမန်နေ့ ညနေ ၄ နာရီအချိန်၌ အသံချဲ့စက် ဖြင့် လှည့်လည်ကြေငြာခဲ့ကြောင်း သိရသည်။
အဆိုပါဆောင်ရွက်မှုများအား ဘုရားသုံးဆူမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးဇော်မိုးမှ ကြီးကြပ်၍ မီးသတ် ဦးစီးဌာနမှ ဒုတိယမီးသတ်ဦးစီးမှူး ဇင်မင်းထက် ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက မြို့ပေါ်ရပ် ကွက်နှင့် လူစည်ကားရာနေရာများတွင် လျှပ်စစ်မီး၊ ထင်းမီး၊ ပေါ့ဆမီး၊တောမီးများ လောင်ကျွမ်းမှု မဖြစ်ပေါ်စေရေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား အသံချဲ့စက်ဖြင့် လှည့်လည်ကြေညာခဲ့ ကြောင်း သိရသည်။
စောရဲဝင်းထွဋ်(ပြန်/ဆက်)