သရက်မြို့၌ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ

သရက်  ဒီဇင်ဘာ  ၂၁

မကွေးတိုင်းဒေသကြီး သရက်မြို့၌  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသော ပြည်သူများအား ပထမအကြိမ်ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်းလုပ်ငန်းများကို ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက  ပြည်တော်အေးရပ်ကွက်ရှိ ဆင်ဖြူတော်ဓမ္မာရုံတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။                   

သရက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ အောက်တိုဘာ ၁၀ ရက်နေ့မှ ဒီဇင်ဘာ ၂၀ ရက်နေ့အထိ ဆေးပုလင်း အလုံးရေ (၉၄၅၆) လုံးရရှိခဲ့ပြီး ဆေးထိုးနှံပြီးသူ (၃၈၃၈၄) ဦးအား ကာကွယ်ဆေးထိုးနှံပေးပြီး ဖြစ်ကြောင်းနှင့် မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများတွင်လည်း အဖွဲ့များခွဲ၍ နေ့စဉ်ဆောင်ရွက်ပေး လျက်ရှိကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ဇော်ဝမ်းထွန်း(အောင်လံ)