သတင်းများ

ဆိပ်ကြီး ခနောင်တိုမြို့နယ်၌ စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင် များမှ Book Club စာဖတ်ဝိုင်း ကျင်းပပြုလုပ်
Dec 21,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များ စုစည်း၍ Book Club စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာနခန်းမတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။
မိုင်းပန်မြို့၌ ကိုဗစ်-၁၉ ဗီဇပြောင်း Omicron (အိုမီခရွန်) ရောဂါ အသိပညာပေးနှိုးဆော်ခြင်းများဆောင်ရွက်
Dec 21,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အသိပညာပေး နှိုးဆော်ခြင်းကို ယမန်နေ့ ညနေ(၀၄:၀၀) နာရီအချိန်ခန့်က မြို့ပေါ်ရပ်ကွက်များအတွင်း Hand Speaker ဖြင့်လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။
မိတ္ထီလာခရိုင်တွင် ဒေသထွက်ကုန်များ သယ်ယူပို့ဆောင်ရာတွင် အဆင်ပြေစေရန်  ဆောင်ရွက်လျက်ရှိသည့် ကျေးလက်ကုန်ထုတ်လမ်းများအား ကွင်းဆင်းစစ်ဆေး
Dec 21,2021
 မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်တွင် ၂၀၂၁-၂၀၂၂ဘဏ္ဍာရေးနှစ် ပထမ ၆ လ၌ ငွေလုံးငွေရင်း (မူလ)ရန်ပုံငွေ ကျပ်  ၁၁၈ သန်းကျော်ဖြင့် ဒေသထွက်ကုန်များ သယ်ယူပို့ဆောင်ရာတွင် အဆင်ပြေ စေရန် ဆောင်ရွက်လျက်ရှိသည့် ကျေးလက်ကုန်ထုတ်လမ်းများအား ယမန်နေ့က တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း  ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
သန်လျင်မြို့နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
Dec 21,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁- ၂၀၂၂ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် သန်လျင်မြို့နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအား ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
သန်လျင် မြန်မာ့စီးပွားရေးဘဏ်၌ (အငြိမ်းစား) ပင်စင်လစာများ စတင်ထုတ်ပေး
Dec 21,2021
ရန်ကုန်တောင်ပိုင်းခရိုင် (သန်လျင်) မြန်မာ့စီးပွားရေးဘဏ်၌ (အငြိမ်းစား) ပင်စင်လစာများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ထုတ်ပေးလျက်ရှိရာ ဒီဇင်ဘာလ ပင်စင်လစာများအား ဒီဇင်ဘာ ၂၁ ရက်တွင် ကျန်းမာရေးဌာနမှ လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ဟင်္သာတခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းကျင်းပ
Dec 21,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ခရိုင်ပြန်ဆကဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း တို့ပူးပေါင်း၍ စာဖတ်ဝိုင်းကို ယနေ့ နံနက် (၁၀)နာရီက ခရိုင်ပြန်ဆက်ရုံးရှိ ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
သံတောင်ကြီးမြို့နယ်၊ပြည်သူ့စာကြည့်တိုက်တွင်(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့    အထိမ်းအမှတ် ဟောပြောပွဲဆောင်ရွက်
Dec 21,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ကလေးသူငယ်များ၊ ကျောင်းနေ အရွယ် ကလေးများအနေဖြင့့်် လွတ်လပ်ရေးနေ့ကိုသိရှိပြီး တန်ဖိုးထားတတ်စေရန်အတွက် ၂၀၂၂-ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့်(၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲကိုယနေ့ နေ့လည်(၁)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ တွင်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကြံခင်းမြို့တွင် မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာများနှင့် စပ်လျဉ်းသည့် အသိပညာပေး နံရံကပ်စာစောင် ပြသခြင်းဆောင်ရွက်
Dec 21,2021
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့ပြန်ကြားရေးနှင့်ပြည်သု့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ရုံးရှေ့နံရံကပ်ပြဘုတ်တွင် ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်   ရည်ရွယ်ပြီး ဒီဇင်ဘာလ(၂၁)ရက်နေ့ နေ့လည်(၁၂)နာရီအချိန်ကမသန်စွမ်းသူများ၏အခွင့်အရေးဆိုင်ရာများနှင့်စပ်လျဉ်းသည့်သိကောင်းစရာများကိုမှတ်တမ်းဓာတ်ပုံများဖြင့် ပြည်သူများလေ့လာဖတ်ရှု့နိုင်ရန်ပြသဆောင်ရွက်ခဲ့ကြောင်းသိရသည်။