မြိုင်မြို့နယ် မြန့်မာစီးပွားရေးဘဏ်တွင် ပင်စင်လစာများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ထုတ်ပေးလျှက်ရှိ

မြိုင်  ဒီဇင်ဘာ  ၂၁

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ မြို့နယ်အတွင်းရှိ ပင်စင်အငြိမ်းစား ဝန်ထမ်းများကို ယနေ့နံနက်ပိုင်း က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ပင်စင်လစာများအား ထုတ်ပေးလျှက်ရှိကြောင်း သိရသည်။

မြိုင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် တစ်မြို့နယ်လုံး ပင်စင်လစာငွေထုတ်ပေးရမည့် ပင်စင်အငြိမ်းစား ဝန်ထမ်း  စုစုပေါင်း ဦးရေ    (၁၁၅၅)ဦးရှိပြီး ပင်စင်အငြိမ်းစားဝန်ထမ်းများ အဆင်ပြေချောမွေ့စွာ ထုတ်ယူနိုင်ရန်အတွက် လစဉ်လတိုင်း နိုင်ငံ့ဝန်ထမ်းများ လစာထုတ်ရက်မတိုင်မီ ရုံးပိတ်ရက်များမှအပ ရုံးဖွင့်ရက်များတွင် ထုတ်ပေးလျှက်ရှိသည်။ ထိုသို့ ထုတ်ပေးရာတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအန္တရာယ် ကင်းဝေးစေရန် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသော ကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ အငြိမ်းစား ဝန်ထမ်းများအား လက်ဆေးဘေစင်တွင် လက်ဆေးစေခြင်း၊ ပါးစပ်နှင့် နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်စေခြင်းတို့ ဆောင်ရွက်ပြီးမှသာလျှင် ပင်စင်လစာများ ထုတ်ပေးလျှက်ရှိကြောင်း သိရသည်။

သူရ(ပုံတောင်)