ဆိပ်ကြီးခနောင်တိုမြို့နယ်၌ လူကုန်ကူးမှု တိုက်ဖျက်ရေးအသိပညာပေးနံရံကပ် စာစောင်များပြသ

ဆိပ်ကြီးခနောင်တို ဒီဇင်ဘာ ၂၀

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေး နံရံကပ်စာစောင်ပြပွဲကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ နံရံကပ်စာစောင်တွင် လူကုန်ကူးခံရမှုဖြစ်ပွားရခြင်း အကြောင်းအရင်း၊ လူကုန်ကူးမှု ဖြစ်ပွားခြင်းအဆင့်ဆင့်၊ လူကုန်ကူးခံရခြင်း၏ ဆိုးကျိုးများ၊ လူကုန်ကူးမှု ပြစ်မှုပြစ်ဒဏ်များ၊ လူကုန်ကူးခံရပါက ဆက်သွယ်တိုင်ကြားရမည့် ဖုန်းနံပါတ်များ စသည့်ဖြင့် စုံလင်စွာပါရှိပြီး၊ လာရောက်ကြည့်ရှုကြသူများအား မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ(တာဝန်ပေး)ဒေါ်သိင်္ဂီပြည့်ဖြိုးက ရှင်းလင်းပြသ ပေးခဲ့ကြောင်း သိရသည်။

ဝေယံ(IPRD)