ဗီဇပြောင်းမျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေးနှင့် ကာကွယ်ဆေးများထိုးနှံရေး အသိပေးနှိုးဆော်

မင်းဘူး    ဒီဇင်ဘာ    ၂၁

မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ လျော့ကျစေရန်နှင့်   နောက်ထပ် ကူးစက်ဖြစ်ပွားလာသည့် အိုမီခရွန် ဗီဇပြောင်းမျိုးကွဲသစ် ရောဂါအား ကြိုတင်ကာကွယ်နိုင်ရန် မင်းပူးဦးဩဘာသခန်းမနှင့် စကုမြို့ကန်ဦး သဘာဝတရားရိပ်သာတို့တွင် ကာကွယ်ဆေးများဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း ယမန်နေ့ညနေ နာရီအချိန်က လှည့်လည် နှိုးဆော်ခဲ့ကြသည်။

ထိုကဲ့သို့ နှိုးဆော်ရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မီးသတ်တပ်ဖွဲ့မှ ဝန်ထမ်းများက မင်းဘူး(စကု) မြို့နယ်အတွင်းရှိ ရွေတပင်၊ ထောက်ရှာပင် ရွာသာ၊ ကန်ရေ စသောကျေးရွာများသို့ အသိပေးနှိုးဆော်ခဲ့သည်။

မင်းဘူး(စကု)မြို့နယ်၌ ယခုလက်ရှိ Phase-4 နှင့် Phase-5 ဆေးများထိုးပြီးသည်အထိ ကာကွယ်ဆေး ထိုးနှံပြီးသူပေါင်း ၆၉၉၃၇ ဦးနှင့် ကျောင်းသား/ကျောင်းသူ ထိုးနှံပြီးသူပေါင်း ၇၅၄၆ ဦးခန့် ထိုးပြီးသွားပြီဖြစ်သော်လည်း  Phase-5 ပထမအကြိမ် မထိုးရသေးသူများ မင်းပူးဦးဩဘာသ ခန်းမနှင့်  စကုမြို့ ကန်ဦးသဘာဝ တရားရိပ်သာတို့တွင် ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း အသိပေး နှိုးဆော်ခဲ့ကြသည်။

ဇေယျာထက် (မင်းဘူး)