သတင်းများ

ကျိုက်ထိုမြို့နယ်ရှိ ရာဘာစက်ရုံနှင့်ဆန်စက်များအား မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး
Dec 21,2021
ယခုအခါ ပွင့်လင်းရာသီရောက်ရှိလာပြီးဖြစ်၍ မြို့နယ်အတွင်းရှိ ပြည်သူများနှင့် စက်ရုံ၊ အလုပ်ရုံများ တွင် မီးသုံးစွဲရာ၌ ပေါ့ဆမှုမရှိစေရေး ကြိုတင်ကာကွယ်နိုင်ရန်နှင့် မီးဘေးအန္တရာယ်လုံခြုံမှုရှိစေရေး တို့အတွက် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက ကျိုက်ထိုမြို့ ဖက္ကလိပ်ကျေးရွာရှိ ရာဘာစက်ရုံနှင့်ဆန်စက်တို့အား ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
သာစည်မြို့နယ်တွင် ပြည်သူ ၁၂၅၅ ဦးတို့အား ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံ
Dec 21,2021
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်တွင် ပြည်သူ ၁၂၅၅ ဦးတို့အား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို သတ်မှတ်ဆေးထိုးစုရပ်များ၌ ယနေ့နံနက် ၉ နာရီက ထိုးနှံပေး ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
တာချီလိတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်း အိုမီခရွန်ကာကွယ်ရန် အသိပညာပေးနှိုးဆော်
Dec 21,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယနေ့နံနက် ၁၀ နာရီက မြို့ပေါ်ရပ်ကွက်အတွင်း လှည့်လည်အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
ဝက်လက်မြို့နယ်၌ မိုးစပါး စံကွက်ရိတ်သိမ်းပွဲ ဆောင်ရွက်
Dec 21,2021
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့နယ်တွင် မိုးစပါး တစ်ဧကထွက်နှုန်း တိုးတက်ရေး နှင့် မျိုးစေ့ထုတ် စိုက်ခင်း ဆောင်ရွက်ထားသည့် မြို့မနည်းပညာပြန့်ပွားရေးစင်တာ နယ်မြေအတွင်းရှိ မြင်တော်ကျေးရွာ စိုက်ဧကများကို စံကွက်ရိတ်သိမ်းခြင်း လုပ်ငန်းကို ယမန်နေ့ က ဆောင်ရွက်ကြကြောင်း သိရသည်။
လွိုင်လင်မြို့၌(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းစည်းဝေးပြုလုပ်
Dec 21,2021
ရှမ်းပြည်နယ်( တောင်ပိုင်း) လွိုင်လင်မြို့၌ ၂၀၂၂ ခုနှစ် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲအခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။
ကာလိမြို့အတွင်း ကိုဗစ်-၁၉ ဗီဇ‌ပြောင်း အိုမီခရွန်ရောဂါ ကာကွယ်နိုင်ရေး အသိပညာပေးနှိုးဆော်
Dec 21,2021
ရှမ်းပြည်နယ်(‌တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့အတွင်း ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန် ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေး လိုက်လံနှိုး‌ဆော်မှု များ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်း(၁၀)နာရီ အချိန်ခန့်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက Hand Speaker ဖြင့် လိုက်လံ နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။
မုဒုံမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်(အကြို) ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် အားကစားပြိုင်ပွဲကျင်းပ
Dec 21,2021
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်တွင် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် (အကြို)ဟောပြောပွဲ၊ စာအုပ်၊စာစောင်ပြပွဲနှင့် အားကစားပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ကျင်းပပြုလုပ်သည်။
ဧရာ၀တီတိုင်းဒေသကြီးတရားလွှတ်တော် ၊ တရားလွှတ်တော်တရားသူကြီး ဦးဝင်းမြင့်က ပုသိမ် အကျဉ်းထောင်အား ကြည့်ရှုစစ်ဆေး
Dec 21,2021
ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော် ၊ တရားလွှတ်တော်တရားသူကြီး ဦးဝင်းမြင့်သည် ရုံးအဖွဲ့မှူး ဦးကျော်စိုးညွန့် ၊ ပုသိမ်ခရိုင်တရားသူကြီး ဒေါ်ထွေးထွေးတို့ လိုက်ပါလျက် ယနေ့ နံနက်ပိုင်းတွင် ပုသိမ်အကျဉ်းထောင် အားကြည့်ရှုစစ်ဆေးခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီး တရားလွတ်တော်တရားသူကြီးအား ပုသိမ်အကျဉ်းထောင် တာဝန်ခံ အရာရှိက အကျဉ်းထောင်အတွင်း အခြေအနေများကို ရှင်းလင်း တင်ပြသည်။