ဝက်လက်မြို့နယ်၌ မိုးစပါး စံကွက်ရိတ်သိမ်းပွဲ ဆောင်ရွက်

ဝက်လက် ဒီဇင်ဘာ ၂၁

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့နယ်တွင် မိုးစပါး တစ်ဧကထွက်နှုန်း တိုးတက်ရေး နှင့် မျိုးစေ့ထုတ် စိုက်ခင်း ဆောင်ရွက်ထားသည့် မြို့မနည်းပညာပြန့်ပွားရေးစင်တာ နယ်မြေအတွင်းရှိ  မြင်တော်ကျေးရွာ စိုက်ဧကများကို စံကွက်ရိတ်သိမ်းခြင်း လုပ်ငန်းကို ယမန်နေ့ က ဆောင်ရွက်ကြကြောင်း သိရသည်။

မိုးစပါးစံကွက်ရိတ်သိမ်းရာတွင်  မြင်တော်ကျေးရွာ တောင်သူ ဦးဘိုသန်း ( ၃၄၂၉စိုက် ဧက (.စပါးမျိုးအမည်  ဧရာမင်း၊ တစ်ဧက တစ်ထောင်ပုံ တစ်ပုံ ဖြစ်သည့် () ပေ ပတ်လည် စံကွက် အရ အထွက်တင်း (အစိုနို့ဆီဘူး ပျမ်းမျှ (၁၂. ဘူးထွက်ရှိပြီး တစ်ဧက (၉၈) တင်း ထွက်ရှိကြောင်း သိရသည်။

ယင်းနောက်  တောင်သူ ဦးမြင့်မောင်၏ ကွင်းအမှတ် ( ၃၄၂၉ ) စပါးမျိုးအမည် ပေါ်ဆန်းရင် စိုက်ဧက () ဧကတွင်  ()ပေ ပတ်လည် စံကွက် အထွက်စပါး (အစိုနို့ဆီဘူး ပျမ်းမျှ (၁၃ဘူး တစ်ဧက အထွက်နှုန်း (၁၀၁၅၆တင်းထွက်ရှိကြောင်း သိရသည်။

အဆိုပါ စံကွက်ရိတ်သိမ်းပွဲသို့ စိုက်ပျိုးရေး မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ၊ လယ်ယာ မြေစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ခံနှင့် ဝန်ထမ်းများ၊ တောင်သူများ  ပူးပေါင်းကာ စံကွက်ရိတ်သိမ်းခြင်း လုပ်ငန်း ဆောင်ရွက်ကြကြောင်း သိရသည်။

စိုးစိုးလှိုင်