သာစည် ဒီဇင်ဘာ ၂၁
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်တွင် ပြည်သူ ၁၂၅၅ ဦးတို့အား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို သတ်မှတ်ဆေးထိုးစုရပ်များ၌ ယနေ့နံနက် ၉ နာရီက ထိုးနှံပေး ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
ထိုသို့ ကာကွယ်ဆေး ထိုးနှံဆောင်ရွက်ပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက Sinopharm အမျိုးအစား ကာကွယ်ဆေးပုလင်း တစ်လုံးလျင် ငါးဦး နှုန်းဖြင့် ပဥ္စမအသုတ် ပထမအကြိမ်အဖြစ် အသက် (၁၈)နှစ်နှင့်အထက် ပြည်သူများအား ထိုးနှံပေးခဲ့ရာ လှိုင်းတက်ကျေးရွာတွင် ပြည်သူ ငါးဦး၊ ယင်းမာပင်ကျေးရွာတွင် ၁၃၅ ဦး၊ အောင်သာကျေးရွာတွင် ၁၅၀ ဦး၊ ဘွဲ့ခြားကျေးရွာတွင် ၁၇၅ ဦး၊ စတုတ္ထအသုတ် ဒုတိယအကြိမ်အဖြစ် သာစည်မြို့ အားကစားရုံတွင် ၁၀၅ ဦး၊ ဟင်းခွက်အိုင်ကျေးရွာတွင် ၂၅၀ ဦး၊ ဘွဲ့ခြားကျေးရွာတွင် ၂၀ ဦး၊ လှိုင်းတက်ကျေးရွာတွင် ၂၁၅ ဦး၊ စုစုပေါင်း ၁၂၅၅ ဦးတို့အား ထိုးနှံပေးခဲ့သည်။
သာစည်မြို့နယ်တွင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ဇူလိုင်လ ၃၁ ရက်မှ စတင်၍ ထိုးနှံပေးခဲ့ရာ ကာကွယ်ဆေး လွှမ်းခြုံမှုအနေဖြင့် ယနေ့အထိ Sinopharm အမျိုးအစား ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးစီးသူ ၆၀၂၆၉ ဦး၊ ဒုတိယအကြိမ် ထိုးနှံပြီးစီးသူ ၄၉၆၁၅ ဦး၊ Sinovac အမျိုးအစား ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးစီးသူ ၁၇၅၃၀ ဦး၊ ဒုတိယအကြိမ် ထိုးနှံပြီးစီးသူ ၁၅၃၇၁ ဦး၊ စုစုပေါင်း ၁၄၂၇၈၅ ဦးတို့အား ထိုးနှံပြီးဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)