မုဒုံ ဒီဇင်ဘာ ၂၁
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်တွင် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် (အကြို)ဟောပြောပွဲ၊ စာအုပ်၊ စာစောင်ပြပွဲနှင့် အားကစားပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက လွတ်လပ်ရေးနှင့်ပတ်သက်သည့်မှတ်သားစရာများ၊ တိုင်းရင်းသားခေါင်းဆောင်များ၏ အသက်၊သွေး၊ ချွေးပေါင်းများစွာဖြင့်လွတ်လပ်ရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်မှုများ၊ ရရှိထားသောလွတ်လပ်ရေးအား အလေးထားတန်ဖိုးထားပြီး ကာကွယ်ထိန်းသိမ်းရမည်ဖြစ်ကြောင်းကို အသိပညာပေးဟောပြောခဲ့သည်။
နောက် ကျောင်းသား၊ ကျောင်းသူများ စာအုပ်စာပေကိုတန်ဖိုးထားတက်စေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုတများ တိုးပွားလာစေရန်အတွက် စာအုပ်/စာစောင်များ ခင်းကျင်းပြသပေးထားရာ စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုကြပြီး ကာယ၊ ဉာဏ စွမ်း ရည်ပြိုင်ပွဲဆုရရှိသူ များအားဆုများအသီးသီးချီးမြှင့် ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)