လှိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဆက်လက် ထိုးနှံပေး
Dec 21,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရန် အတွက် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအားလှိုင်မြို့နယ်၊ အမှတ် ၁၂ ရပ်ကွက်၊ ယောဂီကျောင်းလမ်း၊ သိပ္ပံပစ္စည်း စက်ရုံ၀န်းရှိ ကိုဗစ်-၁၉ ကုသရေးစင်တာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံ ပေးလျက်ရှိရာ ယနေ့နံနက် (၉)နာရီ အချိန် တွင်ရပ်ကွက် (၁၆) ရပ်ကွက်ရှိအသက်(၁၈)နှစ်နှင့်အထက် ပြည်သူများပထမအကြိမ် စုစုပေါင်း (၄၀၇)ဦးနှင့် ဒုတိယအကြိမ်စုစုပေါင်း (၁၅၉)ဦးအားထိုးနှံပေးခဲ့ကြောင်း သိရသည်။