ပုသိမ် ဒီဇင်ဘာ ၂၁
ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော် ၊ တရားလွှတ်တော်တရားသူကြီး ဦးဝင်းမြင့်သည် ရုံးအဖွဲ့မှူး ဦးကျော်စိုးညွန့် ၊ ပုသိမ်ခရိုင်တရားသူကြီး ဒေါ်ထွေးထွေးတို့ လိုက်ပါလျက် ယနေ့ နံနက်ပိုင်းတွင် ပုသိမ်အကျဉ်းထောင် အားကြည့်ရှုစစ်ဆေးခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီး တရားလွတ်တော်တရားသူကြီးအား ပုသိမ်အကျဉ်းထောင် တာဝန်ခံ အရာရှိက အကျဉ်းထောင်အတွင်း အခြေအနေများကို ရှင်းလင်း တင်ပြသည်။
ထို့နောက် တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးနှင့် တာဝန်ရှိသူများသည် အကျဉ်းထောင်အတွင်း အကျဉ်းသား/အကျဉ်းသူ အချုပ်သား/အချုပ်သူများ နေထိုင်သည ့်အဆောင်များနှင့်စားဖိုဆောင်၊ဆေးပေးခန်း၊ စာကြည့်တိုက် တို့ကို လှည့်လည်ကြည့်ရှုကာ ၎င်းတို့အား ဥပဒေပါအခွင့်အရေးများ ရရှိခွင့်ရှိ/မရှိနေရာထိုင်ခင်း သက်သာ ချောင်ချိမှု ရှိ/မရှိ၊အစာအာဟာရ သင့်တင့်မျှတမှု ရှိ/မရှိ ၊ ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေ နှင့် အသက်မွေး ၀မ်းကျောင်းအတတ်ပညာသင်ကြားပေးမှု အခြေအနေများကို မေးမြန်းဆွေးနွေးခဲ့ပြီး လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးရန်အကျဉ်းထောင်ရှိ တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ ကြောင်း သတင်းရရှိပါသည်။
ပုသိမ်ခရိုင်ပြန်ဆက်